နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ် ၁၉ စင်း ဒိန်းမတ်ထောက်ပံ့မည်

ကိုပင်ဟေဂင် ဩဂုတ် ၂၂

ဒိန်းမတ်အစိုးရသည် ယူကရိန်းသို့ F-16 တိုက်လေယာဉ် ၁၉ စင်း ထောက်ပံ့ ပေးရန် အဆင်သင့်ရှိကြောင်း ဒိန်းမတ် ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်တွင် ပြောကြားသည်။

ဒိန်းမတ်သည် ယူကရိန်းသို့ F-16 တိုက်လေယာဉ် ၁၉ စင်း ထောက်ပံ့ မည်ဖြစ်ကြောင်း၊ထို့ပြင် နယ်သာလန် နှင့်အတူ  F-16 တိုက် ခိုက်ရေး လေယာဉ် များအတွက် နိုင်ငံတကာ လေ့ကျင့်ရေး ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်မည် ဖြစ်ကြောင်း ဒိန်းမတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။ 

ကာကွယ်ရေးဝန်ကြီး Jakob Ellemann-Jensen ၏ အဆိုအရ ယခုဆုံးဖြတ်ချက်ကို ဒိန်းမတ် ပါလီမန် ပါတီအများစုက ထောက်ခံထားပြီး F-16 ဂျက်တိုက်လေယာဉ်များ လွှဲ ပြောင်းရန် အမေရိကန်၏ ခွင့်ပြုချက် လိုအပ်ကြောင်း ဝန်ကြီးဌာနက မှတ် ချက်ပြုထားသည်။ 

ဒိန်းမတ်ဝန်ကြီးချုပ် Mette Fred -eriksen ၏ ပြောကြားချက်အရ ဒိန်းမတ်သည် နှစ်သစ်ကူးကာလတွင် ယူကရိန်းသို့ F-16 ဂျက်လေယာဉ် ခြောက်စင်း ထောက်ပံ့ပေးရန် မျှော်လင့် ထားကြောင်း သိရသည်။ 

ထို့ပြင် ၂၀၂၄ ခုနှစ်တွင် တိုက် လေယာဉ် ရှစ်စင်းနှင့် ၂၀၂၅ ခုနှစ်တွင် နောက်ထပ် ၅ စင်းတို့ကို ထောက်ပံ့ ပေးမည်ဖြစ်ပြီး ယူကရိန်း လေယာဉ် မှူး ၇၀ ဦးကိုလည်း  F-16 ဂျက်တိုက် လေယာဉ်များ မောင်းနှင် ပျံသန်းရန် ဒိန်းမတ်တွင် လေ့ကျင့်ပေးထားကြောင်း သိရသည်။    

(ref: Reuters)






အခြားဆက်စပ်သတင်းများ