နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံက ပါကစ္စတန်သံရုံးဝန်ထမ်းတစ်ဝက်နီးပါးကို နှင်ထုတ်မည်

နယူးဒေလီ၊ ဇွန် ၂၄


ပါကစ္စတန်သံအမတ်များက သူလျှိုလုပ်နေပြီး အကြမ်းဖက်သမားများနှင့် ဆက်သွယ်နေသည်ဟု အိန္ဒိယနိုင်ငံက စွပ်စွဲခဲ့ပြီး နယူးဒေလီမြို့ရှိ ပါကစ္စတန်သံရုံး(အထက်ကော်မရှင်ရုံး)မှ ဝန်ထမ်းတစ်ဝက်နီးပါးကို နှင်ထုတ်တော့မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံမှာ ယင်းတို့နိုင်ငံအတွင်းမှ နှင်ထုတ်မည့် ပါကစ္စတန်သံရုံးဝန်ထမ်း အရေအတွက်နှင့်အညီ ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဝန်ထမ်းများကိုလည်း လျှော့ချသွားမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 


အဆိုပါကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ အာဏာပိုင်များက မှတ်ချက်တစ်စုံတရာပေးခြင်းမရှိသေးပေ။ လွန်ခဲ့သည့်ရက်သတ္တသုံးပတ်တွင် အိန္ဒိယနိုင်ငံက ပါကစ္စတန်သံရုံးဝန်ထမ်း နှစ်ဦးကို ထုတ်ပယ်ခဲ့ပြီးနောက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံကြား တင်းမာမှုများ ပိုမိုဆိုးရွားလာခဲ့သည်။ ပါကစ္စတန်သံရုံးဝန်ထမ်းနှစ်ဦးက အိန္ဒိယစစ်သည်များ၏ ရွှေ့ပြောင်းမှု သတင်းအချက်အလက်များကို ရယူရန် ကြိုးပမ်းနေသည်ဟု အိန္ဒိယနိုင်ငံက စွပ်စွဲခဲ့သည်။ 


အစ္စလာမ်မာဘတ်မြို့ရှိ အိန္ဒိယသံရုံးဝန်ထမ်းနှစ်ဦးကို မဖွယ်မရာ ပြုမူဆက်ဆံခဲ့မှုကြောင့် အိန္ဒိယနိုင်ငံက ပါကစ္စတန်သံရုံးဝန်ထမ်းများကို နှင်ထုတ်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု အိန္ဒိယမီဒီယာတစ်ခုက ဖော်ပြသည်။ ပါကစ္စတန်နိုင်ငံက အိန္ဒိယသံရုံးဝန်ထမ်း အမျိုးသားနှစ်ဦးကို ပြန်ပေးဆွဲခဲ့သည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အိန္ဒိယအစိုးရက စွပ်စွဲခဲ့သည်။ 


သို့သော် ယင်းတို့နှစ်ဦးက လမ်းသွားလမ်းလာနှစ်ဦးကို ကားဖြင့်တိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံက တုံ့ပြန်ထားသည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများမှာ သက်ဆိုင်ရာ သံရုံးများတွင် ဝန်ထမ်း ၁၁၀ စီ ထားရှိမည်ဟု သဘောတူထားသော်လည်း လက်ရှိအချိန်တွင် ဝန်ထမ်း ၉၀ နီးပါးသာရှိသည်ဟု ဆိုသည်။                                                                                                       

KNT






အခြားဆက်စပ်သတင်းများ