နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်လ်ဘေးနီးယား တောင်ကုန်းများ တောမီးလောင်

အယ်လ်ဘေးနီးယား ဩဂုတ် ၂၁

အယ်လ်ဘေးနီးယားကမ်းရိုးတန်းရှိ တောင်ကုန်းများပေါ်တွင် တောမီးများ ပျံ့နှံ့နေပြီး ကူဒတ်စ်ကျေးရွာအနီးတွင် မီးခိုးများဆက်တိုက် တက်လာကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က သြဂုတ် ၂၀ ရက် တွင် ပြောသည်။

လယ်ယာမြေ ဟက်တာ ဒါဇင်ချီ မီးလောင်သွားပြီး တောမီးရှို့သူဟု သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထား ကြောင်း အယ်လ်ဘေးနီးယားရဲတပ် ဖွဲ့က ဆိုရှယ်မီဒီယာတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် မြေပြင်ကို ရှင်းလင်းရန် ကြိုးစားခြင်း ဖြစ်သော်လည်း လေပြင်းကြောင့် မီးတောက်များ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားကြောင်း အယ်လ်ဘေးနီးယန်း နေ့စဉ် သတင်းများတွင် ဖော်ပြသည်။

လယ်သမားများသည် သီးနှံမျိုးစေ့ မကြဲမီ အမှိုက်များ၊ ပေါင်းပင်များ နှင့် ရိုးပြတ်များကို မီးရှို့တတ်ခြင်း ကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း မီးရှို့မှု အရေ အတွက် တိုးလာကြောင်း အယ်လ်ဘေး နီးယားရဲတပ်ဖွဲ့က ပြောသည်။ 


(ref -Reuters)






အခြားဆက်စပ်သတင်းများ