နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား၏ လလေ့လာရေးယာဉ် လပေါ် ပျက်ကျ

မော်စကို  ဩဂုတ် ၂၁

ရုရှားနိုင်ငံက လွှတ်တင်လိုက် သည့် လလေ့လာရေးအာကာသယာဉ် Luna-25 သည် အထိန်းအချုပ်မဲ့ ပြီးနောက် လပေါ်ကို ပျက်ကျသွား ကြောင်း ရုရှားအရာရှိများက သြဂုတ် ၂၀ ရက်တွင် ပြောသည်။

အဆိုပါလူမဲ့ယာဉ်သည် လကမ္ဘာ ၏ တောင်ဝင်ရိုးစွန်းဘက်ကို ဆင်း သက်ရန် လုပ်နေချိန် အကြိုဆင်းသက် မည့်ပတ်လမ်းကြောင်းထဲ ရောက်ပြီး အဝေးက ထိန်းချုပ်ရန် ပြဿနာပေါ် ပေါက်လာခြင်း ဖြစ်သည်။

ယင်းသည် နှစ်ပေါင်း ၅၀ အတွင်း ရုရှား၏ ပထမဆုံး လကမ္ဘာလေ့လာ ရေးကြိုးပမ်းချက် အထမမြောက်ခြင်း ဖြစ်ပြီး အဆိုပါယာဉ်ကို အေးခဲနေသည့် ရေများနှင့် အဖိုးတန်ဒြပ်စင်များ ရှိနေ သည်ဟုဆိုကာ လပေါ် ဆင်းသက်ရန် ချိန်ဆ စီစဉ်ထားခြင်း ဖြစ်သည်။

လေ့လာရေးယာဉ် သယ်ဆောင် ထားသည့်အပိုင်းသည် ခန့်မှန်းရခက် သည့် လမ်းကြောင်းအတွင်းရောက် သွားပြီး လမျက်နှာပြင်နှင့် ရိုက်မိကာ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံပညာ ရှင်များက ထုတ်ပြန်သည်။ 

လမျက်နှာပြင်ပေါ်ကို အမေရိကန် နှင့် တရုတ်တို့သည် ခဏတာ ဆင်း သက်ထားနိုင်သော်လည်း လ၏တောင်  ဘက်ခြမ်း ဝင်ရိုးစွန်းဘက်ကိုမူ မည် သည့် နိုင်ငံမှ ဆင်းသက်နိုင်ခြင်းမရှိ သေးကြောင်း သိရသည်။     

(ref: AP)






အခြားဆက်စပ်သတင်းများ