နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုင်ငံအတွင်း ပြန်လာမည်ဟု သမီးဖြစ်သူ အတည်ပြုပြောကြား

ဘန်ကောက်  ဩဂုတ် ၂၁

ပြည်ပတွင် ကာလရှည်တိမ်းရှောင် နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာသည် သြဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာမည် ဖြစ်ကြောင်း သမီးဖြစ်သူကအတည် ပြုပြောကြားသည်။

ထိုင်းနိုင်ငံတွင်  မေလက ရွေး ကောက်ပွဲကျင်းပပြီးနောက် နိုင်ငံရေး မသေချာ မရေရာမှုများ ရှည်ကြာနေ ချိန်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်ရောက်လာမည်ဖြစ်ပြီး လေဆိပ် တွင် သမီးဖြစ်သူကိုယ်တိုင် သွားရောက် ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။

သက်ဆင်သည် ဩဂုတ် ၁၀ ရက်တွင် ထိုင်းသို့ ပြန်လာမည်ဖြစ်သော်လည်း ဆေးစစ်ရန်ရှိသည်ဟုဆိုကာ ပြန်လာ မည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင် သည် ၂၀၀၈ ခုနှစ်က အကျင့်ပျက် ခြစားမှုနှင့်  ထောင်ချခံရမည်ကို စိုးရိမ်သည့်အတွက် နိုင်ငံရပ်ခြား တွင် ရှောင်တိမ်းနေထိုင်နေပြီး နိုင်ငံအတွင်း ပြန်လာမည်ဆိုပါက အရေးယူမှုများ ပြုလုပ်ခံရမည်ဖြစ် သည်။                           

(ref: CNA)






အခြားဆက်စပ်သတင်းများ