၁။ Prime Unity Trading Company Limited ကို အစုရှင်များ၏ ဆန္ဒအလျှောက် ဖျက်သိမ်းရန် (၁၅.၈.၂၀၂၃) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော သာမန်ထက် ထူးကဲသော အထွေထွေအစည်းအဝေးမှ အထူးဆုံးဖြတ်ချက်အဖြစ် ချမှတ်ခဲ့ပါသည်။
၂။ ၎င်းအစည်းအဝေးတွင် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးသန်းအောင် (B.Com.( Q ), C.P.A, D.C.Sc) တိုက် (ဘီ)၊ အခန်း (၁၀၂)၊ ကန်တော်လေး အိမ်ရာ၊ ဖဆပလရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်ထားရန် ဆုံးဖြတ်ခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို (၁၇.၉.၂၀၂၃) ရက်နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ် ဆောင်ရွက်ရန် ကြေညာအပ်ပါသည်။
ဦးညီညီလွင်
အုပ်ချုပ်မှုဒါရိုက်တာ
Prime Unity Trading Company Limited ၏
ဒါရိုက်တာအဖွဲ့ (ကိုယ်စား)
ဦးသန်းအောင်
(B.Com.( Q ), C.P.A, D.C.Sc)
MAIP အသင်းဝင်အမှတ်- 00063
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
09-250499288