နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ပေါင်း ၁၆၇ သန်းရှိသည့် ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း အိန္ဒိယသုတေသီများ တွေ့ရှိ

နယူးဒေလီ ဩဂုတ် ၁၁

ကမ္ဘာ့ရှေးအကျဆုံး နှစ်ပေါင်း ၁၆၇ သန်းရှိသည့် ဒိုင်နိုဆောကျောက် ဖြစ်ရုပ်ကြွင်းကို အိန္ဒိယ သိပ္ပံပညာ ရှင်များက ရှာဖွေတွေ့ရှိထားကြောင်း သြဂုတ် ၁၀ ရက် အိန္ဒိယမီဒီယာများ တွင် ဖော်ပြသည်။

အိန္ဒိယအနောက်ပိုင်း ရာဂျက်စ်တန် ပြည်နယ် ဂျက်ဆမယ်မြို့တွင် နှစ်သန်း ပေါင်း ၁၆၇ သက်တမ်းရှိသည့် အပင်စား Dicraeosaurid ဒိုင်နိုဆောလည်ပင်းရှည် ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခြင်း ဖြစ် ကြောင်း သုတေသီများက ဆိုသည်။

အိန္ဒိယ နည်းပညာလေ့လာရေး အဖွဲ့ နှင့် ဘူမိဗေဒလေ့လာရေးအဖွဲ့ သိပ္ပံပညာရှင်များသည် အဆိုပါ ဒိုင်နိုဆောကျောက်ဖြစ် ရုပ်ကြွင်း ကို Tharosaur Indicus ဟု အမည် ပေးထားပြီး ကန္တာရနှင့် အကြွင်း အကျန်များ တွေ့ရှိသည့် မူရင်းနိုင်ငံ များကို ရည်ညွှန်း အမည်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က အပင်စား ဒိုင်နိုဆောရုပ် ကြွင်းများကို မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိကနှင့် တရုတ်တို့တွင်  ရှာဖွေတွေ့ရှိထားပြီး အိန္ဒိယတွင် ယခု ပထမဆုံး တွေ့ရှိခြင်း ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။                     

(ref: AFP)






အခြားဆက်စပ်သတင်းများ