နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်မျိုးဗီဇကွဲသစ် EG.5.1 အစ္စရေးလ်တွင် အများဆုံးကူးစက်နေ

ဂျေရုဆလင်      ဩဂုတ် ၁၀

ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ် EG.5.1 သည် ကမ္ဘာတဝှမ်း စတင်ပျံ့နှံ့ နေပြီး အစ္စရေးလ်တွင် အများဆုံး ကူးစက်နေကြောင်း ကျန်းမာရေး ပညာရှင်များက သြဂုတ် ၉ ရက်တွင် ပြောသည်။ 

အဆိုပါမျိုးဗီဇကွဲကို နိုင်ငံပေါင်း ၃၆ နိုင်ငံတွင်  တွေ့ရှိထားကာ အစ္စရေးလ်တွင် အနည်းဆုံး ၂၀ ဦး  ကျော် ကူးစက်ခံထားရကြောင်း၊ ဗြိတိန်တွင်လည်း ကူးစက်နေပြီး ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက် ကုသခံယူမှု ပိုမို များပြားလာကြောင်း ကျန်းမာရေး အရာရှိများက ဆိုသည်။

ဗိုင်းရပ်စ်ပညာရှင်များက ထိုမျိုး ဗီဇကွဲကို 'အဲရစ်'ဟု  အမည်ပြောင် ခေါ်ဝေါ်ကြပြီး  ကူးစက်မှုများလာ ခြင်းကြောင့် ဇူလိုင်အစောပိုင်းက တည်းကပင် EG.5.1 ကို သတိထား စောင့်ကြည့်နေရကြောင်း သိရသည်။

ဇူလိုင်လကုန်အထိ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှုများ၏ ၁၁ ဒသမ ၈ ရာခိုင်နှုန်းသည် EG.5.1 ဖြစ်ပြီး ၁၄ ဒသမ ၅၅ ရာခိုင်နှုန်း ရှိလာကြောင်း သိရသည်။

WHO ၏ ကိုဗစ်-၁၉ နည်းပညာ ပိုင်းခေါင်းဆောင် 'မာရီယာဗန်ကာ ခို့ဗ်'ကမူ ယခုဗိုင်းရပ်စ်မျိုးကွဲသစ် ကို စောင့်ကြည့်ခြင်း၊ သတင်းတင်ပြ ခြင်း၊ မျိုးဗီဇကွဲများ ခြေရာခံခြင်း၊ ကာကွယ်ဆေးရရှိခြင်းနှင့် ဆက်သွယ် ရေးစသည့် ကဏ္ဍများ စနစ်တကျ တည်ဆောက်ရန် တိုက်တွန်း ထား သည်။ 

(ref: AFP)






အခြားဆက်စပ်သတင်းများ