နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား ကျေးရွာများတွင် မိုးခေါင်ရေရှားမှု ဆိုးရွားနေ

ဂျာကာတာ ဩဂုတ် ၁၀

အင်ဒိုနီးရှားတွင် အယ်လ်နီညို ရာသီဥတုကြောင့် မိုးခေါင်ရေရှား မှုကြုံတွေ့နေရပြီး ဆေးရွက်ကြီးစိုက် ပျိုးသူများအနေဖြင့် ရေရရှိရန် မြစ် ရေခြောက်သွေ့နေသည့် မြစ်ကြမ်း ပြင်ကို တူးဖော်နေရကြောင်း သိရသည်။ 

ဂျာဗားကျွန်းအလယ်ပိုင်း ကာရန် ဂန်ယာရွာရှိ ရွာသူရွာသားများသည် သောက်သုံးရန်၊ ဆေးကြောရန်နှင့် တဖြည်းဖြည်းသေဆုံး လာသည့် ကောက်ပဲသီးနှံများကို ရေလောင်းရန် ရေများကိုအိမ်သို့ သယ်ဆောင်သွား ရကြောင်း သိရသည်။

ကျေးရွာများရှိ စိုက်ပျိုးပင်များ အားလုံး ညှိုးနွမ်းကုန်ကြောင်း၊ဆေးရွက် ကြီးများသည် အသက်ရှင်နိုင်သော် လည်းကောင်း စွာမကြီးထွားခြင်း ကြောင့် မြစ်ကြမ်းပြင်ကရသည့် ရေနှင့် ရေလောင်းနေရကြောင်း ဒေသခံများက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၏ GDP သည် စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ၁၄ ရာခိုင်နှုန်းနီးပါး  ပတ်သက်နေကာ အလုပ်သမားအင်အား သုံးပုံတစ်ပုံခန့် သည်  လယ်ယာစိုက်ပျိုးရေးကိုသာ လုပ်ဆောင်ကြကြောင်း အစိုးရအချက် အလက်များအရ သိရသည်။ 

 (ref:CNA)






အခြားဆက်စပ်သတင်းများ