နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ် အဝေးပြေးလမ်းမများ ပြိုကျပျက်စီး

ဟနွိုင်း  ဩဂုတ် ၁၀

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားသဖြင့် တောတောင်ထူထပ် သော နေရာများကို ဖြတ်သန်းဖောက် လုပ်ထားသည့် နိုင်ငံ၏ အဝေးပြေး လမ်းမများ  ရေတိုက်စားပြိုကျနေ ကြောင်း သိရသည်။

ယန်ဘိုင်ပြည်နယ်ရှိ  မူကန်းချိုင် ခရိုင်ကို ဖြတ်၍ ကီလိုမီတာ ၃၈၀ ကျော် ဖြတ်သန်းဖောက်လုပ်ထားသော အမျိုးသားအဝေးပြေး လမ်းမ အမှတ် ၃၂ တွင် နေရာ ၁၀၀ ခန့် ပျက်စီးသွားပြီး အဆိုပါလမ်းမသည် ဟနွိုင်းမြို့နှင့် ဖူသို၊ ယန်ဘိုင် နှင့် လိုင်ချော ပြည်နယ် တို့ကို ဆက်သွယ်ပေးသည့် အရေးကြီး လမ်းကြောင်းဖြစ်ကြောင်း သိရသည်။

မကြာသေးမီရက်များအတွင်း မိုးရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်သည့် မူကန်းချိုင်ခရိုင်နှင့် ၉ ကီလိုမီတာအကွာတွင် တောင်များပေါ်မှ ကျောက်တုံးများနှင့် အပျက်အစီးများ စုပုံနေသည်ကို မြင်တွေ့ရကြောင်း အာဏာပိုင်များက ပြောသည်။

လက်ရှိတွင် ဆွန်လာခရိုင် ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် လမ်း စီမံခန့်ခွဲရေးအဖွဲ့တို့က သတိပေး ဆိုင်းဘုတ် များ တပ်ဆင်ကာ ပျက်စီးနေ သော အပိုင်းများဆီသို့ မော်တော်ယာဉ် များ မ၀င်ရောက်ရန် ညွှန်ကြားထား သည်။

အမြန်လမ်းမကြီးပေါ်ရှိ ယာဉ်ကြော ကျပ်တည်းမှုကို သြဂုတ် ၁၂ ရက် တွင် ပြန်လည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း သိရသည်။

(ref: CNN)







အခြားဆက်စပ်သတင်းများ