နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Apple A14 Bionic Chipset ကို မကြာမီ ထုတ်လုပ်မှုစတင်မည်

ဇွန်  ၂၃


Apple A14 Bionic Chipset ကို TSMC က ထုတ်လုပ်ပေးမည်ဖြစ်ပြီး ယခုလ နောက်ဆုံးအပတ် (သို့မဟုတ်) ဇူလိုင်လ ပထမအပတ်တွင် ထုတ်လုပ်မှု စတင်သွားမည်ဖြစ်ကြောင်း သိရသည်။


Apple A14 Bionic Chipset က Apple ၏ ပထမဆုံး 5G Chipset ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းမှာ ထွက်လာမည့် iPhone 12 စီးရီးမှာ စတင်အသုံးပြုလာမည်ဖြစ်သည်။
လက်ရှိအချိန်မှာ Apple က A14 Bionic မှာ 5G Modem ပါ/မပါကို အတည်ပြုခြင်း မရှိသေးသော်လည်း 5nm Process သစ်ဖြင့် တည်ဆောက်ထုတ်လုပ်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် A14 Bionic မှာ Qualcomm Snapdragon X60 5G Modem သစ် သုံးလာမည်ဟုလည်း သတင်းထွက်ထားသည်။
A14 Bionic Chipset မှာ ၁၅ ဘီလီယံ Transistors အထိ ပါဝင်လာမည်ဖြစ်ပြီး A13 မှာတုန်းက ၈ ဒသမ ၅ ဘီလီယံ Transistors သာ ပါဝင်ခဲ့ခြင်းဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ