နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်ဝေနိုင်ငံ၏ အကြီးဆုံး LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂၀၃၀ ပြည့်နှစ်တွင် ပိတ်မည်

အော့စလို ဩဂုတ် ၁၀

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး ကြိုးပမ်းမှုအဖြစ် နော်ဝေ နိုင်ငံ၏ အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံ အက်ကွေနောစ်ဟမ်းမာဖက်စ်ကို ၂၀၃၀ ပြည့်နှစ်တွင် ပိတ်မည်ဖြစ်ကြောင်း နော်ဝေအစိုးရက ဩဂုတ် ၉ ရက်တွင် အတည်ပြုလိုက်သည်။

ယင်းကို ပိတ်ပစ်ပြီးနောက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် လွှမ်းမိုး ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းရှိ ဓာတ်အားနှင့် အစားထိုးမည်ဟု အစိုးရ က ကြေညာထားသည်။

သို့ရာတွင် ဒေသခံများကမူ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေ ရှိ မည့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ ဓာတ်အားခ စျေးနှုန်းမြင့်တက်မှုနှင့် ဒေသခံ မွေးမြူထိန်းကျောင်းသူများ၏ အခွင့်အရေးများ ထိခိုက်နိုင်ကြောင်း အငြင်းပွားလျက် ရှိသည်။

စက်တင်ဘာလတွင် ကျင်းပမည့် ဒေသန္တရ ရွေးကောက်ပွဲများ မတိုင်မီ မဲဆန္ဒရှင်များ၏ စိုးရိမ် ပူပန်မှုကို ဖြေလျှော့ရန် နော်ဝေ ဗဟို လက်ဝဲ အစိုးရသည် နိုင်ငံ၏မြောက်ဖျား ဒေသတွင်  ပြန်လည်ပြည့်ဖြိုးမြဲ ဓာတ်အား အရင်းအမြစ် အသစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုချိတ်ဆက် မှု ပေးနိုင်ရေးအတွက် ဓာတ်အားလိုင်း အသစ်များ တည်ဆောက်ရေး ပံ့ပိုးကူညီ သွားမည်ဟု ကတိပြုထားသည်။                         

(ref - Reuters)







အခြားဆက်စပ်သတင်းများ