နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိဘနှစ်ဦးတွင် ရောဂါလက္ခဏာမပြဘဲ မွေးကင်းစသုံးမြွှာပူးကလေးများတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

မက္ကဆီကိုစီးတီး ဇွန် ၂၃


မက္ကဆီကိုနိုင်ငံတွင် မွေးဖွားခဲ့သည့် သုံးမြွှာပူးကလေးများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု မက္ကဆီကိုနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ အမြွှာပူးကလေးများကို မွေးမွေးပြီးချင်း နာရီပိုင်းအတွင်း ဆေးစစ်ရာတွင် ရောဂါပိုးရှိနေသည်ဟု တွေ့ရှိခဲ့သည်။ အမြွှာပူး ၃ ဦးအနက် ၂ ဦးမှာ ကျန်းမာရေးအခြေအနေ တည်ငြိမ်သော်လည်း နောက်တစ်ဦးမှာ အသက်ရှူလမ်းကြောင်း ဝေဒနာကြောင့် ကုသမှုခံယူနေရသည်။ ယင်းတို့မှာ အတည်ပြုလူနာတစ်ဦးနှင့်မျှ ထိတွေ့ခဲ့ဖူးခြင်း မရှိပေ။ ယင်းတို့မိဘများမှာ ရောဂါလက္ခဏာမပြဘဲ ကိုရိုနာဗိုင်းရပ်စ် ရှိနေခြင်းဖြစ်နိုင်သည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ ကလေးများ၏ မိဘများကို ဆေးစစ်ထားပြီး ဓာတ်ခွဲအဖြေ မထွက်သေးချိန်တွင် သီးသန့်ခွဲခြားထားသည်။


ကိုရိုနာဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်မိခင်၏ အချင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ကူးစက်နိုင်မှု ရှိ၊ မရှိဆိုခြင်းကို ယခုဖြစ်ရပ်က မီးမောင်းထိုးပြနိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်နေသည်။ '' ဒါဟာ သိပ္ပံပညာရှုထောင်ကကြည့်ရင် မကြုံစဖူးကိစ္စပါပဲ''ဟု ဆန်လူးဝစ်ပိုတိုဆီမြို့ ပြည်သူ့ကျန်းမာရေးအေဂျင်စီ အကြီးအကဲ စတိန်နာက ပြောသည်။                                                                                          


(KNT)






အခြားဆက်စပ်သတင်းများ