နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကြိုးမုန်တိုင်းများကြောင့် အမေရိကန် အစိုးရရုံးများပိတ်ထား

ဝါရှင်တန်  ဩဂုတ် ၉

အမေရိကန်အရှေ့ပိုင်းတွင် လေဆင်နှာမောင်း၊ လေပြင်းတိုက် ခတ်ခြင်း၊ မိုးသီးများကြွေကျခြင်း နှင့် မိုးကြိုးမုန်တိုင်းတို့ ဖြစ်နိုင် ကြောင်း မိုးလေဝသပညာရှင်များက သတိပေးပြီးနောက် မြို့တော်ဝါရှင် တန် ဒီစီရှိ အမေရိကန်အစိုးရရုံး များ ကို သြဂုတ် ၈ ရက်က စ၍ ပိတ်ထား လိုက်ကြောင်း သိရသည်။

လျင်မြန်စွာရွေ့လျားနေသည့် မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းတိုက် ခတ်မှုကြောင့် သစ်ပင်များပြိုလဲကာ မေရီလန်းအပါအဝင် ဗာဂျီးနီးယား ရှိ နေအိမ်များနှင့် လုပ်ငန်းနေရာ နှစ်သိန်းနီးပါးတွင် လျှပ်စစ်မီးပြတ် တောက်လျက် ရှိကြောင်း သိရသည်။ 

အတ္တလန္တိတ်အလယ်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များတွင် လူပေါင်း ရှစ်သိန်းအထိ လျှပ်စစ်ဓာတ် အား ဆုံးရှုံးနေပြီး လက်ရှိတွင် မိုးသီး အနည်းငယ်ကျ ဆင်းနေကြောင်း အမျိုး သား မိုးလေဝသ လေဆင်နှာမောင်း စောင့်ကြည့်ရေးဌာနက ပြောသည်။ 

ကမ်းရိုးတန်း ရေလွှမ်းမိုးမှုဆိုင်ရာ အကြံပြုချက်များကို ဝါရှင်တန်မြို့ အတွက် သီးခြားထုတ်ပြန်ထားသည့် အပြင် အယ်လ်ဘားမားနှင့် နယူးယောက် ရှိ လူပေါင်း ၂၉ ဒသမ ၅ သန်းကျော်ကို လေဆင်နှာမောင်း အန္တရာယ် ရှိနေ ကြောင်း အသိပေးထားသည်။

မိုးကြိုးမုန်တိုင်းများကြောင့် နယူး ယောက်၊ ဝါရှင်တန်၊ ဖီလာဒယ်ဖီယာ၊ အတ္တလန္တိတ်၊ ဘော်လ်တီမိုး စသည့် လေဆိပ်များမှ ထွက်ခွာ မည့် လေယာဉ် များကိုလည်း အစိုးရလေကြောင်း စီမံ ခန့်ခွဲရေးက အမိန့်ပေးညွှန်ကြားထား ပြီး လမ်းကြောင်းပြောင်းပေးထား ကြောင်း သိရသည်။     

(ref: Reuters)







အခြားဆက်စပ်သတင်းများ