နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယကမ္ဘာစစ်လက်ကျန် ဖိလစ်ပိုင်စစ်သင်္ဘောကို ဖယ်ရှားပေးရန် တရုတ် တောင်းဆို

ပေကျင်း  ဩဂုတ် ၉

အငြင်းပွားဖွယ် သန္တာကျောက် တန်းများအနီး သောင်တင်နေသည့် ဒုတိယကမ္ဘာစစ်လက်ကျန် ဖိလစ်ပိုင် စစ်သင်္ဘောတစ်စင်းကို ဖယ်ရှားပေးရန် တရုတ်က ဖိလစ်ပိုင်ကို ထပ်တလဲလဲ တောင်းဆိုထားကြောင်း သိရသည်။

ဖိလစ်ပိုင်သည် ဒုတိယကမ္ဘာစစ် လက်ကျန် စစ်သင်္ဘောကို ၁၉၉၀ ပြည့် နှစ် အလွန်ကတည်းက တရုတ်ကို စောင့် ကြည့်ရန် သန္တာကျောက်တန်းအနီး ကျောက်ချရပ်နားထားခြင်းဖြစ်ပြီး ယာယီစစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုနေကြောင်း ဆိုသည်။

တရုတ်က ဖိလစ်ပိုင်ကို စစ်သင်္ဘော ဖယ်ရှားပေးရန် တောင်းဆိုမှုသည် တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင် ကုန်တင်သင်္ဘော များကို မီးသတ်ပိုက်များနှင့် ပစ်ခတ်ထား ကြောင်း ဖိလစ်ပိုင်ဘက်က စွပ်စွဲပြီး နောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖိလစ်ပိုင်အနေဖြင့် တရုတ်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသော အဆိုပါ သန္တာကျောက်တန်းကို စွန့်လွှတ်မည် မဟုတ်ကြောင်း ဖိလစ်ပိုင် အမျိုးသား လုံခြုံရေးကောင်စီ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဂျိုနသန်မာလာ ယာက တုံ့ပြန်ပြော ကြားထားသည်။


(ref:AP)







အခြားဆက်စပ်သတင်းများ