နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားက လကမ္ဘာသို့ လဆင်းယာဉ်လွှတ်တင်မည်

မော်စကို ဩဂုတ် ၉

ရုရှားနိုင်ငံသည် လာမည့် သြဂုတ် ၁၁ ရက်တွင် လကမ္ဘာ၏ တောင်ဝင်ရိုး စွန်းသို့ လူနာ-၂၅ အာကာသယာဉ်နှင့် လဆင်းယာဉ်ကို ပထမဆုံးအကြိမ် လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လဆင်းယာဉ်သည် အနာဂတ်လူသားများ တည်ရှိမှုကို ပံ့ပိုးပေးမည့် ရေအရင်းအမြစ် ဖြစ်နိုင် ခြေကို စူးစမ်းသွားမည်ဖြစ်ပြီး ၄၇ နှစ်အတွင်း ရုရှား၏ ပထမဆုံးလ ဆင်းယာဉ် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။

မော်စကိုမြို့အရှေ့ဘက် မိုင် ၃,၄၅၀ အကွာရှိ အာကာသစခန်းက လွှတ်တင်မည်ဖြစ်ပြီး ကြမ်းတမ်း သည့်မြေပြင်တွင် ဆင်းသက်ရန် ခက်ခဲသော်လည်း လကမ္ဘာ၏တောင် ဝင် ရိုးစွန်းတွင် လောင်စာနှင့် အောက်ဆီ ဂျင်ကို ထုတ်ယူအသုံး ပြုနိုင်မည်ဖြစ် ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

လူနာ-၂၅ အာကာသယာဉ်သည် လဆီရောက်ရန် ငါးရက်ကြာ ပျံသန်း ပြီးနောက် လပတ်လမ်းတွင် ငါးရက်မှ ခုနစ်ရက်ကြာ ဖြတ်သန်း ကာလပေါ် ကို ဆင်းသက်မည်ဖြစ်ကြောင်း ရုရှား အာကာသအေဂျင်စီက ပြောသည်။ 

(ref: AP)






အခြားဆက်စပ်သတင်းများ