နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယွမ် နှင့် အာရှငွေကြေးများကို တိုးမြှင့်သုံးစွဲမည်ဟု ထိုင်းဗဟိုဘဏ် ပြောကြား

ဘန်ကောက် ဩဂုတ် ၉

ထိုင်းတွင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေအကြား လဲလှယ်မှု တန်ဖိုး  မြင့်တက်နေသည့်အတွက် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး များတွင် အမေရိကန်ဒေါ်လာ အစား ယွမ်ငွေနှင့် အာရှငွေကြေးများကို တိုးမြှင့်သုံးစွဲရန် စီစဉ်နေကြောင်း ထိုင်းဗဟိုဘဏ်က သြဂုတ် ၈ ရက်တွင် ပြောသည်။

ထိုင်းဘဏ်(ဘီအိုတီ)သည် ငွေကြေးလဲလှယ်နှုန်းအန္တရာယ်လျှော့ချ ရာတွင် အထောက်အကူဖြစ်စေရန် ဒေသတွင်းငွေကြေးများကို ကျယ်ပြန့် စွာသုံးစွဲရန် မျှော်လင့်ထားကြောင်း ထိုင်းဗဟိုဘဏ် လက်ထောက် ဥက္ကဋ္ဌ အလီဆာရာ မဟာဆန်ဒါနာက ပြော သည်။

ဒေါ်လာထက် အခြားငွေကြေး များကို တိုးမြှင့်အသုံးပြုရန် ထိုင်း က အားထုတ်နေခြင်းသည် ဆယ်စုနှစ် တစ်စုရှိပြီ ဖြစ်ပြီး လက်ရှိတွင် အရှိန် အဟုန်တစ်ခုရလာပြီဖြစ်ကြောင်း ယင်းက ဆိုသည်။

ထိုင်းဗဟိုဘဏ်သည် တရုတ်၊ မလေးရှား၊အင်ဒိုနီးရှားတို့နှင့် ပြည် တွင်းငွေကြေး တိုးမြှင့်သုံးစွဲရေး ပူး ပေါင်း လုပ်ဆောင်နေပြီး လာမည့် ဒုတိယနှစ်ဝက်ကာလတွင် တိုးတက်မှု များ မြင်တွေ့လာရမည်ဖြစ်ကြောင်း ဗဟိုဘဏ် လက်ထောက်ဥက္ကဋ္ဌ အလီဆာရာက ပြောသည်။


(ref:Bangkok Post)






အခြားဆက်စပ်သတင်းများ