နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတွင် စပါးစိုက်ပျိုးမှုအထိမ်းအမှတ် ကျွဲပြိုင်ပွဲ ကျင်းပ

ပေကျင်း ဩဂုတ် ၈

မုတ်သုံရာသီတွင် စပါးစိုက်ပျိုးမှု စတင်သည့် အထိမ်းအမှတ်အနေဖြင့် ထိုင်းလယ်သမားများသည် သြဂုတ် ၇ ရက်က ကျွဲအပြေးပြိုင်ပွဲ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ပြင်းထန်သည့် အပူချိန်အောက် တွင် အရွယ်အစားအမျိုးမျိုးရှိသည့် ကျွဲကောင်ရေ ၆၀ ကျော်ကို ချွန်း ဘူရီပြည်နယ် နာပါခရိုင်ခွဲရှိ မီတာ ၂၀၀ ရှည်သော ရွှံ့အိုင်တွင် အပြေး ပြိုင်ပွဲ ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲသည် နာပါခရိုင်မြို့တော်ဝန် ဆမတ် ဆက်ဆာဝန်ရှိ စိုက်ပျိုးရေးတွင် ကျွဲများ၏ သမိုင်းဝင်အခန်းကဏ္ဍကို အမှတ်ရစေရန် ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံသည် ယခုနှစ်တွင် မိုးရွာသွန်းမှု သိသာစွာ လျော့နည်းသွားကြောင်း လယ်သမားတစ်ဦးက ပြောသည်။ 

ထိုင်းမိုးလေဝသဌာနကမူ မိုးရေချိန် ၅ ရာခိုင်နှုန်း လျော့ကျမည်ဟု ခန့်မှန်း ထားပြီး  အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်၏ ဆိုးရွားသည့် လွှမ်းမိုးမှုကို ညွှန်ပြနေကြောင်း  သတိပေးထား သည်။                       

(ref: Reuters)






အခြားဆက်စပ်သတင်းများ