နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT မှ Data Carry Plus ပရိုမိုးရှင်းနှင့်အတူ ညလုံးပေါက် Facebook အခမဲ့အသုံးပြုနိုင်မည့်ဝန်ဆောင်မှုကို မိတ်ဆက်

ရန်ကုန်၊ ဇွန် ၂၃


 မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT မှ သတ်မှတ်ထားသည့် အင်တာနက်ဒေတာ ပက်ကေ့ချ်များဝယ်ယူပြီး Facebook နှင့်  Messenger တို့ကို ည ၁၁နာရီမှ နံနက် ၇ နာရီအထိ အကန့်အသတ်မရှိ အခမဲ့အသုံးပြုနိုင်မည့် Data Carry Plus အထူးပရိုမိုးရှင်း ပက်ကေ့ချ်အား ယနေ့စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

ထို့ပြင် Data Carry Plus ပက်ကေ့ချ်၏  နောက်ထပ်အကျိုးခံစားခွင့်အနေဖြင့် 400 GB အထိ အင်တာနက် ဒေတာများကံထူးနိုင်မည်ဖြစ်ပြီး သောကြာနေ့တိုင်းတွင်  ဝယ်ယူပါက Happy Friday အပိုဆောင်းဒေတာ (MBs) များရရှိမည်ဖြစ်သည်။ Data Carry Plus ၏ သတ်မှတ်ထားသော အကျိုးခံစားခွင့်များအားလုံးသည် ပြောင်းလဲသွားခြင်းမရှိဘဲ အသုံးမပြုဘဲ ကျန်ရှိနေသည့်ဒေတာများကို ဒေတာသယ်ယူနိုင်သောကာလအတွင်း ပက်ကေ့ချ်ထပ်မံဝယ်ယူပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်မည်ဖြစ်ပြီး ဒေတာသက်တမ်းကိုလည်း ပေါင်းစည်း အသုံးပြုနိုင်မည်ဖြစ်သည်။


၉၉၉ ကျပ်မှ စ၍ ၂၆,၉၉၉ကျပ်အထိ ပက်ကေ့ချ်များ ဝယ်ယူသည့် MPT မှ ဆွေသဟာ/ ရှယ်ပြော/ ရွှေစကားအစီအစဉ်များ ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူအားလုံးသည် Data Carry Plus ပရိုမိုးရှင်း၏ ညလုံးပေါက် Facebook အခမဲ့အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအစီအစဉ်တွင် ပါဝင်နိုင်ကြောင်းသိရသည်။

ပက်ကေ့ချ် အသုံးပြုခွင့်သက်တမ်းသည် ရက်ပေါင်း ၃၀ ဖြစ်ပြီး ဒေတာသယ်ယူနိုင်သော ကာလမှာ  ၇ ရက် ဖြစ်သည်။ ဝယ်ယူထားသော Data Carry Plus ပက်ကေ့ချ်မှ အင်တာနက်ဒေတာပမာဏများ အားလုံး သက်တမ်းမတိုင်ခင် ကုန်ဆုံးသွားသော်လည်း သုံးစွဲသူများအနေဖြင့် Data Carry Plus ၏ ညလုံးပေါက် Facebook ကို အကန့်အသတ်မရှိ အခမဲ့ အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအစီအစဉ်ဖြင့် ဒေတာဖိုး ထပ်မံကုန်ကျမှုမရှိဘဲ ဝယ်ယူထားသော ပက်ကေ့ချ်သက်တမ်းအတိုင်းအခမဲ့ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။


ညလုံးပေါက် Facebook ကို အကန့်အသတ်မရှိ အခမဲ့ အသုံးပြုနိုင်မည့် Data Carry Plus ပက်ကေ့ချ်များကို MPT4U App သို့မဟုတ် *777# သို့ ခေါ်ဆိုခြင်းများမှတစ်ဆင့် ရိုးရှင်းလွယ်ကူစွာ ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။ MPT အသုံးပြုသူများအနေဖြင့် အကြိမ်အရေအတွက် အကန့်အသတ်မရှိ စိတ်ကြိုက်ဝယ်ယူနိုင်မည်ဖြစ်ပြီး နောက်ဆုံးဝယ်ယူထားသော ပက်ကေ့ချ်ဒေတာပမာဏနှင့် သက်တမ်းကိုလည်း ပေါင်းစည်းအသုံးပြုနိုင် မည်ဖြစ်သည်။

MPT အနေဖြင့် ဒုံးပျံအိမ်သုံးအင်တာနက် ဝန်ဆောင်မှုကို မြန်မာနိုင်ငံဒေသအတွင်းရှိ မြို့နယ် ၅၁ မြို့နယ်သို့ သိသာထင်ရှားစွာ တိုးချဲ့နိုင်ခဲ့သည်။ MPT ဖုန်းအချင်းချင်း ဆက်သွယ်ခေါ်ဆိုရာတွင် ဖုန်းတစ်ခါခေါ်တိုင်း တစ်နာရီအတွင်း ပထမ(၅) မိနစ်စာ ဆက်တိုက်ပြောဆိုမှုများအတွက်  ကနဦး ၅ မိနစ်စာအတွက်သာ ကျသင့်မည်ဖြစ်ပြီး ကျန် ၅၅ မိနစ်ကို အခမဲ့ ခေါ်ဆိုနိုင်မည့်  “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကိုလည်း MPT မှ ပေးအပ်လျက်ရှိသည်။


Data Carry Plus ပရိုမိုးရှင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။                                                                                     

 AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ