ဇူလိုင် ၃၁
ဘာစီလိုနာအသင်း ကစား သမားဟောင်းများဖြစ်ကြသည့် မက်ဆီ၊ ဘက်စ်ကွက်နှင့် ဂျော်ဒီ အယ်လ်ဘာတို့ မေဂျာလိဂ် ကလပ် အင်တာမီယာမီအသင်း သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် လူငယ် ကစားသမား ပက်ဒရီက အသင်း နှင့်စာချုပ်သက်တမ်း ကုန်ဆုံး ပါက မေဂျာလိဂ်ကလပ်သို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အသက် ၂၀ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ပက်ဒရီ သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၀ ပြည့်နှစ်က စတင်ပူးပေါင်း ခဲ့ပြီးနောက် အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသော်လည်း အသင်း နှင့်စာချုပ်သက်တမ်း ကုန်ဆုံး ပါက မေဂျာလိဂ်သို့ ပြောင်းရွှေ့ ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
"မေဂျာလိဂ် ပြိုင်ပွဲတွေကို ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြီးတော့ အဲဒီ မှာ ကစားသမားဘဝနဲ့ နေထိုင် ရတာဟာ အရမ်းကို ပျော်စရာ ကောင်းမှာပါ။ အဲဒီမှာရှိတဲ့ မြို့ ကြီးတွေကလဲ အံ့ဩစရာကောင်း ပြီး စိတ်ဝင်စားစရာတွေ ပြည့် နှက်နေပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ရင် ပြောင်း ရွှေ့မှာဖြစ်ပြီး ဆုံးဖြတ်ချက်ချဖို့ တွေဝေနေမှာ မဟုတ်ပါဘူး"ဟု ပက်ဒရီက ပြောသည်။
သူရိန်