နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Honor 30 Lite 5G တွင် အသုံးပြုလာမည့်စနစ်များထွက်ပေါ်

ဇွန်  ၂၂


Honor 30 Lite 5G (Youth) နှင့် Honor 10X Max တို့ကို ဇူလိုင် ၄ ရက် (သို့မဟုတ်) ၅ ရက်တွင် အတူတကွ ကြေညာလာမည်ဟု သတင်းထွက်ထားသည်။ ယခုအခါတွင် Honor 30 Lite 5G (Youth) တွင် အသုံးပြုလာ မည့်စနစ်များ ထွက်ပေါ်လာသည်။


Honor 30 Lite 5G မှာ ၆ ဒသမ ၅ လက်မ ရုပ်ထွက် သုံးလာမည်ဖြစ်ပြီး Punch-Hole ပါဝင်လာမည်ဖြစ်သည်။ ရုပ်ထွက်ပိုင်းအနေဖြင့် FHD+ 1080x2400px Display ၊ 20:9 Aspect Ratio ၊ 90Hz Refresh Rate တို့ ပါဝင်လာမည်ဖြစ်သည်။


MediaTek MT6873 SoC (Dimensity 800) နှင့် ပါဝါထောက်ပံ့လာမည်ဖြစ်သည်။ ဘက်ထရီ 4000 mAh ပါဝင် ကာ 22.5W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။


Honor 30 Lite 5G မှာ Android 10 အခြေပြု EMUI 10.1 သုံးလာမည်ဖြစ်သည်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး ကျောဘက်ကင်မရာက 48MP+8MP+2MP ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ