နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းပြီး ခရီးသည်များ လာရောက်ခွင့်ပြု

မက်ဒရစ်   ဇွန်   ၂၂


စပိန်နိုင်ငံတွင် အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဥရောပနိုင်ငံအများစုမှ ခရီးသည်များ လာရောက်နိုင်စေရန် ယင်းတို့၏ နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ထို့အပြင် ဗြိတိန်နိုင်ငံမှ ခရီးသည်များကိုလည်း အသွားအလာကန့်သတ်မှု ခံယူရန်မလိုအပ်ဘဲ လာရောက်ခွင့်ပြုလိုက်ပြီဖြစ်သည်။ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တားဆီးရန်အတွက် ဥရောပတိုက်တွင် အပြင်းထန်ဆုံး ပိတ်ဆို့မှု စည်းမျဉ်းများကို သုံးလကြာ ချမှတ်ခဲ့သည်။ ပိတ်ဆို့မှုစည်းမျဉ်းများကို ဖြေလျှော့လိုက်သော်လည်း သန့်ရှင်းရေးထိန်းချုပ်မှုများကို အတိအကျ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က သတိပေးထားသည်။ စပိန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၂၉၃၃၅၂ ဦးရှိပြီး သေဆုံးသူ ၂၈၃၂၂ ရှိနေရာ ဥရောပသမဂ္ဂနိုင်ငံများတွင် တတိယအများဆုံးဖြစ်သည်။ 


စပိန်နိုင်ငံတွင် မတ်လ ၁၄ ရက်ကစတင်ပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့ရာ လူအများအနေဖြင့် ရက်သတ္တပတ်များစွာ အိမ်အပြင်ထွက်၍ လေ့ကျင့်ခန်းလုပ်နိုင်ခြင်းမရှိပေ။ ထို့အပြင် ကလေးငယ်များမှာလည်း မည်သည့်ကိစ္စကြောင့်မျှ အိမ်ပြင်ထွက်ခွင့် မရပေ။ ပုံမှန်အားဖြင့် စပိန်နိုင်ငံသို့ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည် သန်း ၈၀ လာရောက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းမှာ စပိန်နိုင်ငံ ကုန်ထုတ်လုပ်မှုပမာဏ၏ ၁၂ ရာခိုင်နှုန်း ကျော်ရှိနေသည်။ နွေရာသီမတိုင်မီ အားလပ်ရက်အပန်းဖြေဈေးကွက် ပြန်လည်ဖွင့်လှစ်ရေးမှာ စပိန်နိုင်ငံ စီးပွားရေးအတွက် အဓိကအရေးပါသည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် ပေါ်တူဂီနိုင်ငံ၏ မေတ္တာရပ် ခံချက်အရ ပေါ်တူဂီနိုင်ငံနှင့်ထိစပ်နေသည့် ကုန်းတွင်းနယ်စပ်ကို ဇူလိုင်လ ၁ ရက်အထိ ပိတ်ထားမည်ဖြစ်သည်။                                       

 KNT






အခြားဆက်စပ်သတင်းများ