နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်၏ နိုင်ငံရေးစုဝေးပွဲတွင် နေရာလွတ်များဖြစ်ခဲ့ခြင်းမှာ ဆယ်ကျော်သက်များကြောင့်ဖြစ်သည်ဟုဆို

ဝါရှင်တန်   ဇွန်   ၁၄


ပြီးခဲ့သည့်လပေါင်းများစွာအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမဆုံး နိုင်ငံရေးစုဝေးပွဲတွင် မျှော်မှန်းထားသည့်ပမာဏထက် လူပိုနည်းခဲ့ခြင်းမှာ ဆယ်ကျော်သက်လူငယ်များကြောင့် ဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုများက ပြောသည်။ ဒေါ်နယ်ထရမ့်၏ နိုင်ငံရေးစုဝေးပွဲတွင် နေရာလွတ်များဖြစ်စေရန်အတွက် အမေရိကန်နိုင်ငံတစ်ဝန်းမှ ဆယ်ကျော်သက်များက စုဝေးပွဲသို့တက်ရောက်လိုခြင်းမရှိဘဲ လက်မှတ်များ မှာယူခဲ့သည်ဟု နိုင်ငံရေးသုတေသီ စတိဗ်ရှမစ်က ပြောသည်။ အုတ်ကလာဟိုးမားစင်တာတွင် ကျင်းပခဲ့သည့် နိုင်ငံရေးစုဝေးပွဲတွင် အနည်းဆုံး လူတစ်သန်းတက်ရောက်မည်ဟု ဒေါ်နယ်ထရမ့်က မျှော်မှန်းခဲ့သော်လည်း လာရောက်သူအရေအတွက် အလွန်နည်းပါးခဲ့သည်။ အသက် ၁၆ နှစ်အရွယ်ရှိသည့် ယင်း၏သမီးဖြစ်သူနှင့် သူငယ်ချင်းများမှာ ဒေါ်နယ်ထရမ့်၏ နိုင်ငံရေးစုဝေးပွဲအတွက် လက်မှတ်ရာချီ မှာယူခဲ့ပြီး စုဝေးပွဲသို့ မသွားခဲ့ကြောင်း ဒေါ်နယ်ထရမ့်ကို ဝေဖန်သည့် နိုင်ငံရေးသုတေသီ စတိဗ်ရှမစ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။


ယင်းတို့၏သားသမီးများမှာလည်း အလားတူလုပ်ခဲ့ကြသည်ဟု အခြားမိဘများက စတိဗ်ရှမစ်၏ ပို့စ်အောက်တွင် မှတ်ချက်ပေးခဲ့သည်။ သို့သော် အွန်လိုင်းပေါ်မှ လှုပ်ရှားမှုကြောင့် စုဝေးပွဲသို့ လာရောက်သူ နည်းပါးခဲ့သည်ဆိုခြင်းကို ဒေါ်နယ်ထရမ့်၏ ၂၀၂၀ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့က ငြင်းဆန်ခဲ့သည်။ နိုင်ငံရေးစုဝေးပွဲတွင် ဦးရာလူစနစ် ကျင့်သုံးသည်ဖြစ်ရာ ဖုန်းဆက်၍ လက်မှတ်မှာယူပြီး မရောက်လာသူများကြောင့် လူနည်းရခြင်းမဟုတ်ဟု မဲဆွယ်စည်းရုံးရေးအဖွဲ့ဒါရိုက်တာက ထုတ်ပြန်ခဲ့သည်။ မီဒီယာများနှင့် ဆန္ဒပြသူများက လူများကို စုဝေးပွဲသို့ မလာကြရန် စည်းရုံးသိမ်းသွင်းနေကြသည်ဟု ယင်းက ဆိုသည်။                                                                                                                                 

KNT






အခြားဆက်စပ်သတင်းများ