နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အွန်လိုင်းမှ မှာယူမှုများကို ဒီဂျစ်တယ်ငွေပေးချေမှုဖြင့် ဆောင်ရွက်နိုင်ရန် MPT Money နှင့် Hi-So ၊ Zay Chin Mart တို့ပူးပေါင်း

ရန်ကုန် ဇွန် ၂၁

ကုန်ပစ္စည်းများ၊ အစားအစာများနှင့် အိမ်အတွက်လိုအပ်သော ပစ္စည်းများမှာယူရာတွင် မိမိတို့နေအိမ်၌ပင် E-Wallet ဝန်ဆောင်မှုမှတစ်ဆင့် မြန်ဆန် လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ငွေပေးချေမှုကို ဆောင်ရွက်နိုင်ရန် MPT Money သည် မြန်မာထိပ်တန်း အွန်လိုင်းဆိုင်များ ဖြစ်သော Hi-So နှင့် Zay Chin Mart တို့နှင့်ပူးပေါင်းဆောင်ရွက် လိုက်ပြီဖြစ်ကြောင်းသိရသည်။

COVID - 19 ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် အွန်လိုင်းမှဈေးဝယ်ခြင်းနှင့် အိမ်အရောက်ပို့ဆောင်မှု စနစ်များသည် လက်ရှိမြန်မာပြည်သူများ၏ နေ့စဉ်ဘဝတစ်စိတ်တစ်ပိုင်းတွင် မရှိမဖြစ်အရေးပါလာခဲ့ပြီး မြန်မာနိုင်ငံတွင် အယုံကြည်ရဆုံး ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် သုံးစွဲသူများသို့ လွယ်ကူစိတ်ချရသော ငွေသားမဲ့စနစ် ဒီဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုဖြင့် အွန်လိုင်းမှ   ဈေးဝယ်ယူသည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်စေရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်။

MPT Money သုံးစွဲသူများသည် Hi-So  နှင့် Zay Chin Mart တို့မှ ကုန်ပစ္စည်း ဝယ်ယူမှုများအတွက် လွယ်ကူစွာ ငွေပေးချေနိုင်ပြီး MPT Money အကောင့်ကို အသုံးပြုခြင်းဖြင့် ငွေလွှဲဝန်ဆောင်ခ မပေးရဘဲ ဈေးဝယ်သူများ၏ အိမ်ရှေ့အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် MPT Money နှင့် ငွေချေမှုတိုင်းအတွက်  ဝယ်ယူသည့်ပမာဏ၏ ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကိုလည်း MPT Money ၏ E-Wallet တွင် [သတ်မှတ်ထားသည့် ပမာဏအတွင်း] လက်ခံရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် Zay Chin Mart သည် လက်ရှိတွင် MPT Money ပရိုမိုးရှင်း ဆုလက်ဆောင်များနှင့်အတူ “Zay Chin Spin -  Lucky Wheel” အစီအစဉ်ကို ပြုလုပ်လျက်ရှိသည်။ Hi-So မှ ပို့ဆောင်ခ အခမဲ့အစီအစဉ်ကို ပြုလုပ်ပေးထားခြင်းကြောင့် သုံးစွဲသူများအနေနှင့် ပို့ဆောင်ခ ပေးစရာမလိုဘဲ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုရယူနိုင်သည့် အပြင် MPT Money အကောင့်ဖြင့် ငွေပေးချေရုံနှင့် E-money ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းရရှိနိုင်မည်ဖြစ်သည်။

MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က “ဒီနေ့မှာတော့ အွန်လိုင်းကနေစျေးဝယ်သူတွေအတွက် သတင်းကောင်းတွေကို ကျွန်တော်တို့ ယူဆောင်လာခဲ့ပါပြီ။ MPT Money နဲ့အတူ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် ပစ္စည်းလာပို့သူ အိမ်ရှေ့ရောက်လာချိန်မှာ ကျသင့်ငွေပေးဖို့ ရှာနေစရာမလိုတော့ဘဲ e-money ကိုအသုံးပြုပြီး ကြိုတင်ငွေပေးရုံနဲ့ အချင်းချင်း ထိတွေ့ဆက်သွယ်စရာမလို၊ လူမှုစည်းခြားခြင်းဖြင့် အိမ်အရောက်ပို့ဆောင်မှုစနစ်ကို ရယူခံစားနိုင်ပါပြီ။ ထပ်မံပြီးတော့လည်း ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ ပူပေါင်းပြီး စွဲမက်ဖွယ်ရာကောင်းသည့် ပရိုမိုးရှင်း အစီအစဉ်တွေကိုလည်း သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးထားပါတယ်။”ဟု ပြောသည်။

MPT Money သည် သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာအကျိုးခံစားခွင့်များက ကမ်းလှမ်းမှုများကို ပြန်လည်ပေးအပ်လျက်ရှိသည်။ MPT Money အသုံးပြုသူများအနေဖြင့် MPT ဆင်းမ်ကတ်များကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းနှင့် အခြားဆင်းမ်ကတ်များကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၃ ရာခိုင်နှုန်းကို e-money အဖြစ် [သတ်မှတ်ထားသည့် ပမာဏအတွင်း] ရရှိခံစားနိုင်မည်။ MPT Money အသုံးပြုမှုမြင့်တက်လာခြင်းသည် မြန်မာနိုင်ငံတစ်ဝန်း E-commerce ကုမ္ပဏီများ၏ ငွေသားမဲ့စနစ် ပြောင်းလဲမှုကို ဦးဆောင်လွှမ်းမိုးလာခြင်းပင်ဖြစ်သည်။ E-Wallet မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုသည် အသုံးပြုသူများအတွက် ၎င်းတို့၏ ငွေကြေးများကို လုံခြုံစိတ်ချစွာ၊ မြန်ဆန်ချောမွေ့မှုနှင့် အဆင်ပြေ သက်သာစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။                                                               

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ