နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြင်ကြောင့်ဖြစ်ပွားသောရောဂါများ လျော့နည်းစေရေး

ရန်ကုန်   ဇွန်   ၂၁

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခု အဖြစ်ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံးဖြစ်ပွားသေဆုံးမှုများမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြောင်း သိရှိရ သည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နှင့်ဖြစ်ပွားသေဆုံးမှုနှုန်းအများဆုံးတွင် ပါဝင်သည်။

မြန်မာနိုင်ငံလူဦးရေတစ်ဝက်ကျော်သည် ကူးစက်မှုအန္တရာယ်ရှိသည့်ဒေသများတွင်နေထိုင်ကြပြီး ငှက်ဖျားဖြစ်ပွားသူ ၂၃ ဒသမ ၃၉၂ ဦးတစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွားသူ သုံးသိန်းနီးပါးရှိသည်ဟု ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ အလေ့အကျင့်ကောင်း၊ ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းရန်နှင့် ငှက်ဖျားရောဂါဖြစ်ပွားသူများသေဆုံးမှုမရှိစေရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံသွား ရန်လိုအပ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကြောင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများရရှိခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသောရောဂါများဖြစ်ပွားမှု ကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတာဝန်ရှိသူများက သွေးလွန် တုပ်ကွေးကာကွယ် နှိမ်နှင်းရေးစီမံချက်များချမှတ်ကာ အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေမှာ (၁.၁.၂၀၂၀)မှ (၃၀.၅.၂၀၂၀) အထိ ဖြစ်ပွားသူပေါင်း ၁၀၄၈ ဦးရှိပြီး သေဆုံးသူ ၁၁ ဦးရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြပြီးဖြစ်ပွားမှုအများဆုံးဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၀၀ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိ ခဲ့သည်။

သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်နှိမ်နှင်းရေးသည် အဓိကဖြစ်သည့်အလျောက် ''ဖုံး၊ သွန်၊ တိုက် ချွတ်၊ လဲ၊ စစ်'' လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်လျက်ရှိသည်။ ခြင်များခိုအောင်းနေနိုင်သည့် ပတ်ဝန်းကျင် ကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သန့်ရှင်းမှုများပြုလုပ်ဆောင်ရွက်ရန် အရေး ကြီးသည်။

သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့်ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက် သင့်သည်။ ခြင်ကြောင့်ဖြစ်ပွားသောရောဂါများမဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည် တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း ။     ။






အခြားဆက်စပ်သတင်းများ