နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာကေတမြို့နယ်၊၁/ထူပါရုံရပ်ကွက်၊ ထူပါရုံလမ်း၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး

သာကေတမြို့နယ်၊၁/ထူပါရုံရပ်ကွက်၊ ထူပါရုံလမ်း၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် ဇွန် ၁၀ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအင်အား ၁၁၇ ဦးဖြင့်  စနေနေ့အထူးစုပေါင်း လုပ်အားပေး ဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်း ချေးများ ဆယ်ယူရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း အန္တရာယ်ရှိသစ် ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များရှင်းလင်းခြင်း၊ သစ်ရွက် ခြောက်ကြွေများအမှိုက်သဲခဲများလှည်းကျင်းရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရေစည်၊ ရေကန်များကိုအဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း တို့အားစုပေါင်းလုပ် အားပေးဆောင်ရွက်ကြစဉ်။                                    

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ