နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 4000 mAh ပါဝင်သည့် Huawei Enjoy 20 Pro စမတ်ဖုန်းကို ကြေညာ

ဇွန်  ၂၁

Huawei က စမတ်ဖုန်းသစ်ဖြစ်သည့် Huawei Enjoy 20 Pro ကို ကြေညာလာပြီဖြစ်သည်။ အဆိုပါဖုန်းမှာ မျက်နှာပြင် ၆ ဒသမ ၅ လက်မ 90Hz Refresh Rate FullHD+ ရုပ်ထွက်သုံးထားပြီး Waterdrop Notch မှာ ရှေ့ကင်မရာ 16MP ကို ထည့်သွင်းထားသည်။ ကျောဘက်မှာ မှန်သုံးထားပြီး ကင်မရာသုံးလုံး ပါဝင်သည်။ ကျောဘက်ကင်မရာသုံးလုံးက 48MP + 8MP Ultrawide + 2MP Macro တို့ဖြစ်သည်။

ဘက်ထရီ 4000 mAh ပါဝင်ပြီး 22.5W Fast Charging ဖြင့် အားသွင်းနိုင်ကာ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားသည်။
Huawei Enjoy 20 Pro မှာ Dimensity 800 SoC ၊ Android 10 အခြေပြု EMUI 10.1 သုံးထားပြီး Huawei Mobile Service သာ ပါဝင်သည်။ RAM6/8GB နှစ်မျိုးနှင့် ရွေးချယ်နိုင်ပြီး နှစ်မျိုးလုံးမှာ Storage 128GB ပါဝင်သည်။

အဆိုပါဖုန်းကို Magic Night Black ၊ Dark Blue နှင့် Galaxy Silver အရောင်တို့ဖြင့် ရွေးချယ်နိုင်ကာ ဈေးနှုန်း အနေဖြင့် RAM6GB ဗားရှင်းကို ဒေါ်လာ ၂၈၀ နှင့် RAM8GB ဗားရှင်းကို ၃၂၂ ဒေါ်လာ သတ်မှတ်ထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ