နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇွန်  ၇   

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည်   ကော်မတီဝင်များ နှင့် ဌာနမှူးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့ နယ်၊ ၁၁ ရပ်ကွက်၊ အောက် နှင်းဆီလမ်း၊ ဆည်မြောင်းချောင်း အတွင်း ရေစီးရေလာကောင်း မွန်စေရန် ဆောင်ရွက်နေမှု၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ တကောင်းလမ်း လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်း ကျင်းနေမှု၊ ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်၊ ၄၁ (တိုးချဲ့) ရပ်ကွက်၊ ရာဇဓိရာဇ်မြောင်း အတွင်း ရေစီးရေလာကောင်း မွန်ရေးဆောင်ရွက်နေမှု၊ ၃၉ ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း ကွန်ကရစ် လမ်းသစ်ခင်းကျင်း နေမှု၊ ၁၆ ရပ်ကွက်၊ မောင်းမကန် ကမ်းသာလမ်း လမ်းသားတိုး ချဲ့ ကွန်ကရစ်ခင်းကျင်းနေမှု၊ သင်္ဃန်းကျွန်းမြို့နယ်၊က ရပ်ကွက်၊  စရည်းပင်လမ်း ကွန်ကရစ်ခင်းကျင်း‌နေမှု၊မရမ်း ကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ အင်းလျားကန် ရေပိုလွှဲ(Spill Way) အတွင်း ရေပိုလွှဲရေ ထိန်းတံခါးများ ကြံ့ခိုင်ကောင်း မွန်စေရေး ဆောင်ရွက်နေမှု၊ ကန်တိမ်ကောသည့်နေရာများ တူး‌ဖော်နေမှု၊ ကန်ရေပြင်ကြည် လင်သန့်ရှင်းရေး ဆောင်ရွက် နေမှုနှင့်ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၁ ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားမြိုင်လမ်းထောင့် အင်းလျားကန်ရေဝင်ပေါက် ရေစုကန်အတွင်း အမှိုက်များ ဆယ်ယူနေမှု၊ ရေထွက်‌ပေါက် တိမ်ကောသည့်နေရာများ တူးဖော်နေမှုတို့ကို  ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည်  နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ အောက်နှင်းဆီလမ်း၊ ဆည်မြောင်းချောင်းသို့သွား ရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်များဆယ်ယူရှင်းလင်း နေမှု၊ ချောင်းမြေထိန်းနံရံရှိချေး နှင့်ရေညှိများ တိုက်ချွတ်ဆေး ကြောနေမှုတို့ကို  ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

အဆိုပါ ဆည်မြောင်းချောင်း သည် အင်းလျားကန်ရေပိုလွှဲမှ စတင်စီးဆင်းပြီး တောင်ဥက္က လာပမြို့နယ် ရေပေါက်ကြည် ချောင်းမှတစ်ဆင့်   ငမိုးရိပ် ချောင်းအတွင်းသို့ စီးဝင်လျက် ရှိကြောင်း သိရသည်။ 

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ တကောင်းလမ်းသို့ သွားရောက်၍ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား)က သုမင်္ဂလာလမ်းနှင့် ပင်းတယ လမ်းကြားရှိ တကောင်းလမ်း အရှည် ၁၉၅၀ ပေကို  ဝဲ/ယာ အကျယ် ၅ ပေ၊ ထု ၆ လက်မစီ လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်သွားလာမှုအဆင်ပြေ စေရေးဆောင်ရွက်ရန်၊ရပ်ကွက် အတွင်း ရေစီးရေလာကောင်း မွန်စေရေးအတွက်လမ်းဝဲ/ ယာရေမြောင်းနှင့်အဆိုပါ မြောင်းများစီးဝင်ရာ တကောင်း မြောင်းများအတွင်းရှိအမှိုက် နှင့်နုန်းများ ဆယ်ယူရှင်းလင်း ရန် မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယမြို့ တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့ သစ် (မြောက်ပိုင်း) မြို့နယ်၊  ၄၁ (တိုးချဲ့) ရပ်ကွက်၊ ရာဇဓိရာဇ် လမ်းသို့ သွားရောက်၍ အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံ ခန့်ခွဲမှု)က                 

ရာဇဓိရာဇ်မြောင်းအတွင်း အမှိုက်နှင့်နုန်းများဆယ် ယူရှင်းလင်းနေမှု၊ ရာဇဓိရာဇ် မြောင်းသို့စီးဝင်ရာ ရေမြောင်း များအတွင်း ပိတ်ဆို့ အမှိုက်နှင့်မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှုတို့ကို  ကြည့်ရှုစစ်‌ ဆေးပြီး လိုအပ်သည်များမှာ ကြားသည်။  ရာဇဓိရာဇ်မြောင်း သည်  ၃၈၊ ၃၉၊ ၄၀၊ ၄၁ ရပ်ကွက်နှင့် ၄၁ (တိုးချဲ့) ရပ်ကွက်များသို့ ဖြတ်သန်း စီးဆင်းပြီး အမှတ်  ၄ ရေထိန်း တံခါးမှတစ်ဆင့်  ငမိုးရိပ်ချောင်း အတွင်းသို့ ဆက်လက်စီးဆင်း လျက်ရှိရာ အဆိုပါရေမြောင်း ရေစီးရေလာကောင်းမွန်ခြင်း ဖြင့် ဖြတ်သန်းစီးဆင်းရာ  ရပ်ကွက်များ မိုးရာသီရေကြီး ရေလျှံမှုမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား)က ၃၉ ရပ်ကွက်၊ နီလာလမ်းနှင့်ရာဇ ဓိရာဇ်လမ်းအကြား ဗိုလ်ဆွန် ပက်လမ်းကို အရှည် ၁၄၁၅ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၈ လက်မ ကွန်ကရစ်လမ်းသစ် ခင်းကျင်းနေမှု၊ ၁၆ ရပ်ကွက်၊ ပင်လုံလမ်းမှ အမှတ်  ၂ လမ်း အထိ မောင်းမကန်ကမ်းသာ လမ်း အရှည် ၆၅၀၀ ပေကို ဝဲ/ယာ အကျယ် ၁၂ ပေ၊  အောက်ခံထု ၆ လက်မ၊ အပေါ် ထု ၈ လက်မစီ လမ်းသား တိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှု၊ သင်္ဃန်းကျွန်းမြို့နယ်၊က ရပ်ကွက်၊ နှင်းဆီကုန်းလမ်း သွယ်  ၁  မှ မဉ္ဇူလမ်းအထိစရည်း ပင်လမ်း အရှည် ၁၆၀၀ ပေ၊ အကျယ် ၁၆ ပေ၊ ထု ၇ လက်မ  ကွန်ကရစ်လမ်းခင်းကျင်း‌နေမှု လုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ချိန်အတွင်းပြီးစီး‌ရေး ဆောင် ရွက်ရန် မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ဆက်လက်၍ ဒုတိယမြို့ တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ အင်းလျားရိပ်သာလမ်းရှိ  အင်းလျားကန် ရေပိုလွှဲ (Spill Way) သို့သွားရောက်၍ အင်ဂျင် နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က ဆောင်ရွက်နေသည့် ရေပိုလွှဲ ရေထိန်းတံခါးများ ကြံ့ခိုင် ကောင်းမွန်စေရေး ဆောင်ရွက် နေမှု၊ အင်းလျားကန်စပ်နုန်းများ ပို့ချခြင်းကြောင့် ကန်တိမ်ကော သည့်နေရာများကို ယန္တရား များဖြင့် တူး‌ဖော်နေမှု၊ကန် ရေပြင်ကြည်လင်ရေးအတွက် Aquamarine ယာဉ်နှင့် လုပ်သားအင်အားများဖြင့် အမှိုက်၊ ဒိုက်၊ ဗေဒါနှင့်ရေမှော် များ ဆယ်ယူ ရှင်းလင်းနေမှုနှင့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား  ၁ ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်းနှင့် အင်းလျားမြိုင် လမ်းထောင့် အင်းလျားကန် ရေဝင်ပေါက် ရေစုကန်အတွင်း အမှိုက်များဆယ်ယူနေမှု၊ရေ ထွက်‌ပေါက်တိမ်ကောသည့် နေရာ များကို ယန္တရားအင်အား၊ လုပ်သားအင်အားများဖြင့် တူး‌ဖော်နေမှုလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေး သည်။   

သတင်း-မိုးဝေ

ဓာတ်ပုံ-ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ