နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး

ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇွန် ၆ ရက် မြို့နယ် စီမံအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေး  မှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၅ ဦးဖြင့်သင်္ဘောကျင်းရပ်ကွက် ၅ လမ်းနှင့် ၆ လမ်းရေမြောင်းအတွင်း ပိတ်ဆို့ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ယမုံနာ လမ်း၊ လမ်းလယ်ကျွန်းရှိကြံ့စာပင် များ ဖြတ်ညှိပုံသွင်းခြင်း၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးရှေ့ရှိ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းပိတ်ဆို့ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်း၊  သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက် များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။

မလတ်






အခြားဆက်စပ်သတင်းများ