ဇွန် ၆
ဘုန်းမောက်အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးတော့မည့် ကွင်းလယ် ကစားသမား လာမာကို ပဲလေ့စ်အသင်း က အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူ နိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ဘောလုံးရာသီနည်းပြ ရွိုင်းဟော့ဆန်လက်အောက်တွင် ပုံစံ ကောင်းရရှိခဲ့သည့် ပဲလေ့စ်အသင်းသည် လာမည့်နွေရာသီတွင် အသင်းက ကွင်း လယ်ကစားသမားအချို့ ထွက်ခွာမည် ဖြစ်သောကြောင့် ၎င်းတို့၏နေရာတွင် အစားထိုးနိုင်ရန်အတွက် ဘုန်းမောက် အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် လာမာကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဘုန်းမောက်အသင်းသည် ခြေစွမ်း ပိုင်းကောင်းမွန်သည့် လာမာကို စာချုပ် သက်တမ်းတိုးရန်ကြိုးပမ်းခဲ့သော်လည်း ကစားသမားအနေဖြင့် စိန်ခေါ်မှုအသစ် များကို ထပ်မံရင်ဆိုင်လိုသောကြောင့် အသင်း၏ စာချုပ်သစ်ကို လက်မခံဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့်သာ ထွက်ခွာ ၍ ပရီးမီးယားလိဂ်ပြိုင်ဘက်ပဲလေ့စ် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
သူရိန်