နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်မြို့တွင် လုံခြုံရေးရုံး တည်ထောင်သွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာ ဖော်ပြ

ဇွန် ၂၁ ဘေဂျင်း

ဟောင်ကောင်မြို့ဆိုင်ရာ တရုတ်နိုင်ငံ၏ လုံခြုံရေးဥပဒေသစ်အရ ထောက်လှမ်းရေးသတင်းအချက်အလက် များရယူရန်နှင့် အမျိုးသားလုံခြုံရေးကို ချိုးဖောက်သည့် ပြစ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဟောင်ကောင်မြို့တွင် လုံခြုံရေးရုံး တည်ထောင်သွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ လုံခြုံရေးဥပဒေသစ်နှင့် ဖီလာဆန့်ကျင်နေသည့် ဒေသခံဥပဒေမှန်သမျှကို ပယ်ချသွားမည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ တရုတ်နိုင်ငံက ရေးဆွဲထားသည့် အဆိုပါဥပဒေကြောင့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတကာက ရှုတ်ချခဲ့ကြသည်။ အဆိုပါဥပဒေမှာ ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များကို ဖျက်ဆီးလိမ့်မည်ဟု ဝေဖန်သူများက ဆိုသည်။ ဟောင်ကောင်မြို့မှာ တရုတ်ပြည်မကြီးတွင် မရရှိသည့် လွတ်လပ်ခွင့်များ ရရှိနေသည်။ အဆိုပါဥပဒေကို အတည်ပြုပြဋ္ဌာန်းပါက တရုတ်နိုင်ငံကို သည်ဟိဂျ်မြို့ရှိ နိုင်ငံတကာတရားရုံး(ICJ)တွင် တရားရင်ဆိုင်စေမည်ဟု ပြီးခဲ့သည့် သောကြာနေ့တွင် ဥရောပလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သည်။

သို့သော် ခွဲထွက်ရေးလှုပ်ရှားမှု၊ အစိုးရအဖွဲ့ကို ပြုတ်ကျအောင် လုပ်ဆောင်မှု၊ အကြမ်းဖက်မှု၊ ပြည်ပအလိုတော်ရိများနှင့် ပူးပေါင်းလှုပ်ရှားမှုများကို တိုက်ဖျက်ရန်အတွက် အဆိုပါဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဟု တရုတ်နိုင်ငံက တုံ့ပြန်ခဲ့ပြီး နိုင်ငံတကာ၏ ဝေဖန်မှုများမှာ ယင်းတို့၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခြင်းဟု ဆိုခဲ့သည်။ တရုတ်နိုင်ငံ အမျိုးသားပြည်သူ့လွှတ်တော်၏ ဗဟိုကော်မတီက သုံးရက်ကြာ အစည်းအဝေး ကျင်းပခဲ့ပြီးနောက် လုံခြုံရေးရုံး တည်ထောင်မည့် အသေးစိတ်အချက်အလက်များ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်မြို့၏ လုံခြုံရေးရုံးမှာ ဟောင်ကောင်မြို့ စာသင်ကျောင်းများတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ သင်ခန်းစာများ သင်ကြားမှုကို ကြီးကြပ်ကွပ်ကဲနိုင်သည့် အခွင့်အာဏာလည်း ရှိသည်။        

(KNT)






အခြားဆက်စပ်သတင်းများ