နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီနိုင်ငံ၏ လက်ဝဲစွန်းရောက်ပါတီက ဗလာဒီမာလီနင်၏ရုပ်တု စိုက်ထူ

ဇွန် ၂၁   ဘာလင်

ဂျာမနီနိုင်ငံ၏ လက်ဝဲစွန်းရောက်ပါတီက ကွန်မြူနစ်ခေါင်းဆောင် ဗလာဒီမာလီနင်၏ အငြင်းပွားဖွယ်ရုပ်တုကို စိုက်ထူခဲ့သည်။ Marxist-Leninist Party of Germany (MLPD) ပါတီမှာ ဂျာမနီနိုင်ငံအနောက်ပိုင်း ဂယ်ဆင်ကာချန်မြို့ ရုံးချုပ်ရှေ့တွင် ဗလာဒီမင်လီနင်၏ ရုပ်တုစိုက်ထူခဲ့ခြင်းဖြစ်သည်။ ဂယ်ဆင်ကာချန်မြို့ အာဏာပိုင်များက ရုပ်တုစိုက်ထူမှုကို တားဆီးရန် ကြိုးပမ်းခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် ''လီနင်အတွက် နေရာမရှိ''ဆိုတာ လှုပ်ရှားမှုစတင်ခဲ့သည်။ သို့သော် အာဏာပိုင်များ၏ အယူခံဝင်မှုကို တရားရုံးများက ပယ်ချခဲ့ပြီး ရုပ်တုဖွင့်လှစ်မှုကို ရှေ့ဆက်ဆောင်ရွက်ခွင့်ပေးခဲ့သည်။

လီနင်မှာ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးခေါင်းဆောင်ဖြစ်ပြီး ၁၉၂၄ ခုနှစ်အထိ ရုရှားနိုင်ငံ(ယခင်ဆိုဗီယက်ပြည်ထောင်စု)ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ထောက်ခံအားပေးသူများသာမက ဆိုဗီယက်ပြည်ထောင်စုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်မိနေသူများက လီနင်ကို ကွန်မြူနစ်စနစ်၏ ပြယုဂ်တစ်ခုဟု မှတ်ယူထားကြသည်။ ဂျာမနီနိုင်ငံမှာလည်း ကွန်မြူနစ်ဝါဒ ကျင့်သုံးသည့် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီဟူ၍ နှစ်ခြမ်းကွဲခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်း ဖြိုချချိန်မှသာ ဂျာမနီနိုင်ငံအဖြစ် ပြန်လည်ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။  

(KNT)






အခြားဆက်စပ်သတင်းများ