နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗစ်ဆဲလ်အသင်းမှ ထွက်ခွာပြီး ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ထားခြင်းမရှိဟု အင်နီယေစတာပြော

ဇွန်   ၃

ဂျပန်ကလပ် ဗစ်ဆဲလ် အသင်းတွင် ကစားနေသည့် ကွင်းလယ်ကစားသမားအင်နီ ယေစတာက လာမည့်နွေရာသီ တွင် အသင်းမှ ထွက်ခွာမည် ဖြစ်သော်လည်း ကစားသမား ဘဝမှ အနားယူရန် ဆုံးဖြတ်ထား ခြင်း မရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

အင်နီယေစတာသည် ၂၀၁၈ ခုနှစ်က ဘာစီလိုနာအသင်းမှ ထွက်ခွာခဲ့ပြီးနောက် ဂျပန်ဂျေ လိဂ်ကလပ် ဗစ်ဆဲလ်အသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် အသင်းနှင့် ထပ်မံသက်တမ်းတိုးခဲ့သော ကြောင့် လာမည့် ၂၀၂၄ ခုနှစ် မှ သက်တမ်းကုန်ဆုံးမည်ဖြစ် သော်လည်း ယခုနှစ် ဘောလုံး ရာသီတွင် အသင်းနှင့် အတူ သုံးပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ပွဲကစားခွင့် နည်းပါးလာသော ကြောင့် လာမည့်ဇူလိုင်လတွင် အသင်းမှ ထွက်ခွာမည်ဖြစ်သည်။

အသက် ၃၉ နှစ်ရှိ အင်နီ ယေစတာသည် ဂျပန်လိဂ်မှ ထွက်ခွာမည်ဖြစ်သော်လည်း ကစားသမားဘဝမှ အနားယူ မည့်အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပြီး စိန်ခေါ်မှုအသစ် များ ထပ်မံရင်ဆိုင်ရန် အခြား ကလပ်အသင်း တစ်ခုခုသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေကာ ဆော်ဒီကလပ်အသင်းများဆီသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်း သတင်းထွက် ပေါ်လျက်ရှိသည်။

သူရိန်






အခြားဆက်စပ်သတင်းများ