ဇွန် ၂၀
သွေးပေါင်လျော့နည်းခြင်းကြောင့် နှလုံး၊ ဦးနှောက်နှင့်အခြားအရေးကြီးသော အင်္ဂါအစိတ်အပိုင်းများသို့ သွေးစီးဆင်းမှုမလုံလောက်ဖြစ်နိုင်ပြီး တတ်နိုင်သမျှအမြန်ဆုံးကုသရန်လိုအပ်သည်။
အချိန်ကြာကြာမတ်တတ်ရပ်နေခြင်းကြောင့် သွေးပေါင်လျော့ကျနိုင်သည်။ ရေဓာတ်ခန်းခြောက်မှုကြောင့်အားနည်းခြင်း၊ မူးမော်ခြင်းတို့ဖြစ်ကာ သွေးပေါင်လျော့ကျနိုင်သည်။
နှလုံးသွေးကြောဆိုင်ရာပြဿနာအချို့ကြောင့် သွေးပေါင်လျော့နည်းနိုင်သလို ကိုယ်ဝန်ဆောင်ခြင်းကြောင့် လည်း သွေးပေါင်လျော့နည်းနိုင်သည်။ ကြီးမားသောထိခိုက်ဒဏ်ရာရမှုကြောင့် သွေးများဆုံးရှုံးကာသွေးပေါင်လျော့နိုင်ပြီးဆီးချိုရောဂါကြောင့်လည်း သွေးပေါင်လျော့နည်းနိုင်သည်။
သွေးပေါင်လျော့နည်းမှုအခြေအနေဆိုးရွားပါက အသက်အန္တရာယ်ရှိနိုင်သည်။ သွေးပေါင်လျော့နည်းခြင်းကို ကာကွယ်ရန် အရည်များများသောက်သင့်ပြီး အရက်ပါဝင်သော သောက်စရာများကို ရှောင်ရှားသင့်သည်။
ပူအိုက်သောရာသီဥတုနှင့်နေမကောင်းသောအချိန်တို့တွင် ရေပိုသောက်သင့်ပြီး ဆရာဝန်နှင့်မတိုင်ပင်မီ အလွယ်တကူဝယ်ယူရရှိနိုင်သော ဆေးဝါးများမသုံးသင့်ပေ။
ပုံမှန်သွေးလည်ပတ်စေရန် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အလေးအပင်မခြင်းမျိုး ရှောင်ရှားသင့်သည်။ ဆားစားသုံးမှုမနည်းရန် ဂရုစိုက်သင့်ပြီး ရေနွေးနှင့်အချိန်အကြာကြီးထိတွေ့ခြင်းမျိုး ရှောင်ရှားရမည်။ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကိုလျှော့ချပြီး အစာစားပြီးနောက် အနားယူသင့်သည်။ ထို့ပြင်ကျန်းမာရေးနှင့်ညီသောအာဟာရပြည့်ဝစေမည့်အစားအစာများ စားသုံးသင့်သည်။
(သူရိန်)