နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာရှ ပစိဖိတ်ဒေသတွင် AI ဂေဟစနစ်ကို ဖန်တီးတည်ထောင်ရန်အတွက် Huawei က Ascend Partner အစီအစဉ်ကို မိတ်ဆက်

ရန်ကုန်   ဇွန် ၂၀


Huawei က ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် ယင်း၏ အာရှပစိဖိတ်ဒေသ Ascend Partner အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ထိုအစီအစဉ်၏ ရည်ရွယ်ချက်မှာ ဒေသတွင်း ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းနှင့် ဉာဏ်ရည်မြှင့်စနစ်သို့ ပြောင်းလဲခြင်းတို့ကို ဖော်ဆောင်နိုင်စေမည့် ဆန်းသစ်၍ ရေရှည်ဖွံ့ဖြိုးသော AI ဂေဟစနစ်တစ်ခု တည်ထောင်နိုင်ရန် ဖြစ်သည်။ Huawei က ဦးဆောင်ကျင်းပခဲ့သော “ဉာဏ်ရည်မြှင့်စနစ်ကို ဖြန့်ကြက်မြှင့်တင်ခြင်း (Ascend to Pervasive Intelligence)” ဟု အမည် ပေးထားသည့် အွန်လိုင်းထိပ်သီးအစည်းအဝေးသို့ အစိုးရအရာရှိများ၊ လုပ်ငန်းခေါင်းဆောင်များ၊ ကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ ပညာရပ်ဆိုင်ရာနယ်ပယ်မှ ပညာရှင်များ တစုတဝေး တက်ရောက်ခဲ့ကြပြီး လုပ်ငန်းနယ်ပယ်ဆိုင်ရာ လေ့လာသုံးသပ်ချက်များနှင့် ယင်းတို့၏ AI ဆိုင်ရာ အောင်မြင်မှုများ အကြောင်းကို မျှဝေဆွေးနွေးခဲ့ကြသည်။


ယင်းထိပ်သီးအစည်းအဝေးတွင် တရားဝင်မိတ်ဆက်ခဲ့သော APAC Ascend Partner အစီအစဉ်တွင် တစ်သီးပုဂ္ဂလ ဆော့ဖ်ဝဲရောင်းချသူများဆိုင်ရာ AI ပူးပေါင်းမှု၊ AI ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် အဆင့်မြင့်သင်ယူမှု (IHL) သိပ္ပံကျောင်းနှင့်အစိုးရ AI ကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်မှုဟူ၍ အစီအစဉ်ခွဲသုံးခု ပါဝင်သည်။

ယင်းအစီအစဉ်ခွဲများမှတစ်ဆင့် Huawei နှင့် မိတ်ဖက်များက ယင်းတို့၏ AI ဖွံ့ဖြိုးရေး ဆောင်ရွက်မှု၊ အသိပညာ မျှဝေမှု၊ စျေးကွက်သို့ ပို့ဆောင်မှုနှင့် မဟာဗျူဟာအရင်းအမြစ်များဆိုင်ရာ အားသာချက်များကို အသုံးပြုပြီး အာရှပစိဖိတ်နိုင်ငံများအတွက် ပံ့ပိုးကူညီသွားမည် ဖြစ်သည်။ဥပမာ− တစ်သီးပုဂ္ဂလ ဆော့ဖ်ဝဲ ရောင်းချသူ(ISV)များဆိုင်ရာ AI ပူးပေါင်းမှု  အစီအစဉ်က ISV များ၊ ဖန်တီးသူများနှင့် စွန့်ဦးတီထွင်သူများအတွက် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အထူးရန်ပုံငွေ (NREs)များ၊ Cloud ရင်းမြစ် voucher များ၊ Ascend AI အဖွဲ့အစည်းမှတစ်ဆင့် အသိပညာမျှဝေမှုများ၊ Huawei HCIA-AI အသိအမှတ်ပြု စာမေးပွဲ voucher များ၊ စျေးကွက်အတွင်း ပါဝင်ရောင်းချနိုင်စေရန် အကူအညီများကို ပေးသွားမည်ဖြစ်သည်။.


AI ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် အဆင့်မြင့်သင်ယူမှု (IHL) သိပ္ပံကလည်း အဆင့်မြင့် တက္ကသိုလ် များကို AI ဘာသာရပ်များ ဖန်တီးလာနိုင်စေရန်၊ AI ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်စေရန်နှင့် Huawei ၏ အဘက်ဘက်မှ ပြည့်စုံသည့် Atlas AI နည်းပညာ ကျွမ်းကျင်မှုများကို အခြေခံကာ ပညာရပ်ဆိုင်ရာ သုတေသနများကို မြှင့်တင်ဆောင်ရွက်သွားနိုင်စေရန်အတွက် အကူအညီပေးသွားမည်ဖြစ် သည်။အာရှပစိဖိတ်ဒေသ Ascend Partner အစီအစဉ်က အစိုးရများအတွက်လည်း Ascend နည်းပညာကို အသုံးပြု၍ ဒေသတွင်းနိုင်ငံများ၏ AI ဆန်းသစ်တီထွင်မှုများအတွက် နည်းနာဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးသည်။ Huawei က အကောင်းဆုံး လုပ်ငန်းလုပ်ထုံးများနှင့် စပ်လျဉ်း၍ ယင်း၏ အတွေ့အကြုံများကို မျှဝေပြီး AI လုပ်ငန်းကဏ္ဍဆိုင်ရာ စံနှုန်းများ စသည့် မူဝါဒရေးရာများတွင်လည်း အကူအညီပေးသွားမည် ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ