နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများကျင်းပရေးကော်မတီအစည်းအဝေးကျင်းပ၊

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများကျင်းပရေးကော်မတီအစည်းအဝေးကျင်းပ၊

အသက် ၁၄ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပိုမိုဖော်ဆောင်နိုင်ရေးကြိုးပမ်းရန် ဆွေးနွေး


ရန်ကုန်   ဇွန် ၂၀


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများကျင်းပရေးကော်မတီအစည်းအဝေးကို ဇွန် ၁၉ရက်၊ မွန်းလွဲ ၁နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ (၃) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌဦးမင်းလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မြန်မာနေရှင်နယ်လိဂ် COO ဦးအောင်နိုင်ဦးနှင့်သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ခံများတက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် အသက် ၁၄ နှစ်အောက် အမှတ်ပေးပြိုင်ပွဲအားကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ အတည်ပြု ပြီးပါက ကျင်းပပြုလုပ်ရန်၊ ၂၀၂၁ခုနှစ်တွင် ကျင်းပမည့် အာရှ အသက်၂၀အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အသက် ၁၇နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ၏ ခြေစစ်ပွဲများကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန်၊ အသက် ၁၄နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပိုမိုဖော် ဆောင်နိုင်ရေးကြိုးပမ်းရန်၊ မြန်မာနေရှင်နယ်လိဂ်လက်အောက်ရှိ လူငယ်ပြိုင်ပွဲများပိုမိုအားကောင်းလာစေရေး ပြင်ဆင်ဆောင်ရွက်ရန်၊ ၂၀၂၁ ခုနှစ်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး U-13 Girl's ၊ U-14 Boy's နှင့် U-12 Boy's ပြိုင်ပွဲများအားယခင်နှစ်များအတိုင်းကျင်းပပြုလုပ်ရန် စသည့်အကြောင်းအရာများ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ