နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူနာတင်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်ကာ ရေမြောင်းအတွင်း ထိုးကျမှုဖြစ်ပွား

မင်းဘူး  ဇွန် ၂၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် လူနာတင်ယာဉ်တစ်စီး ရှေ့ကားကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်ကာ ရေမြောင်းအတွင်းထိုးကျမှုဖြစ်ပွားခဲ့ကြောင်း မင်းဘူး မြို့မရဲစခန်းမှ  သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် ညနေ ၃နာရီခွဲအချိန်က ငဖဲမြို့နယ်ပြည်သူ့ဆေးရုံမှယာဉ်မောင်း ကျော်နိုင်ထွန်း   မောင်းနှင်ပြီး လူနာတစ်ဦးတင်ဆောင်၍ မင်းဘူး-ပဒါန်းကားလမ်းအတိုင်းထွက်ခွာလာရာ ကန်ရေအမှတ်(၃)ကျေးရွာအနီးတွင် ရှေ့မှမောင်းနှင်နေသော ကားတစ်စီးအားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက် ခြမ်းရှိ ထနောင်းပင်အားပွတ်တိုက်မိပြီး အရှိန်လွန်၍လမ်းဘေးရေလွှဲမြောင်းအတွင်းသို့ ထိုးကျကာယာဉ်၏ ရှေ့ခေါင်းပိုင်းပျက်စီးခဲ့ပြီး လူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး (စိုးရိမ်ရ)ဒဏ်ရာနှင့် ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ(မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း မင်းဘူးမြို့မရဲစခန်းဒုရဲအုပ်ကျော်ငြိမ်းထံမှသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကျော်နိုင်ထွန်းအား မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)






အခြားဆက်စပ်သတင်းများ