နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှတ်(၉) တိုင်းနယ်မြေအတွင်း ကြံခင်း - ဟင်္သာတ - ပုသိမ် လမ်းပိုင်း၌ (၁၈၅) အဆန်နှင့် (၁၈၆)အစုန် ပြေးဆွဲခြင်းကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်

ကြံခင်း   ဇွန် ၂၀


       ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင်အမှတ်(၉) တိုင်းနယ်မြေအတွင်းကြံခင်း - ဟင်္သာတ - ပုသိမ် လမ်းပိုင်း၌ (၁၈၅) အဆန်နှင့် (၁၈၆) အစုန် ပြေးဆွဲခြင်းကို  ဇွန်   ၃၀  ရက်အထိ တိုးမြှင့်သတ်မှတ်ပြေးဆွဲမည် ဖြစ်ကြောင်း  သိရသည်။


 အဆိုပါ ပြေးဆွဲမှုသည် C0VID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ရထားပြေးဆွဲရေးလုပ်ငန်းများထိန်းချုပ်ကွပ်ကဲလျက်ရှိကြောင်း အမှတ်(၉)တိုင်းနယ်မြေ အတွင်း  ကြံခင်း - ဟင်္သာတ - ပုသိမ်လမ်းပိုင်း၌ (၁၈၅) အဆန်နှင့် (၁၈၆) အစုန် ပြေးဆွဲခြင်းကို ယခင်က ဇွန် ၁၅  ရက်အထိ သတ်မှတ်ပေးခဲ့သော်လည်း ယခုအခါ ခရီးသွား ပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဇွန်  ၃၀ ရက်အထိ တိုးမြှင့်ပြေးဆွဲသွားမည်ဖြစ် ကြောင်း၊ ခရီးသွားတစ်ဦးလျှင် လက်မှတ်တစ်စောင် ရောင်းချပေး၍ထိုင်ခုံ (၂)လုံးစီစဉ်ပေးမှာဖြစ်ပြီး၊ အပူချိန်တိုင်းပေးခြင်း ၊ နှာခေါင်းစည်း(Mask)တပ်ဆင်သူများသာ လက်မှတ်ရောင်းချ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများအား နေရာခြားထိုင်နိုင်ရန် ရထားတွဲများအား တွဲကြီး (၈) တွဲ ၊ တွဲသေး(၁) တွဲ၊  ပါဆယ် (၁) တွဲနှင့် ဘရိတ်တွဲ (၁) တွဲ တိုးမြှင့်ချိတ်ဆွဲပြေးဆွဲကြောင်းနှင့် လက်မှတ်မရသောပြည်သူများအား နောက်တနေ့မှသွားလာကြရန် မဖြစ်မနေသွားလာရန်လိုအပ်သူများသာ ခရီးသွားကြရန် မေတ္တာရပ်ခံသောစာများချိတ်ဆွဲအသိပေးခြင်း၊ လူအများသွားလာထိတွေ့သောနေရာများအား မီးရထားဝန်ထမ်းများက ပိုးသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ပေးကြောင်းကို ကြံခင်းမြို့နယ်မီးရထားရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။


မိုးမိုး ( ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ