နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက အခြေခံ ပညာဦးစီးဌာနကျောင်းများတွင် ကျောင်းဖွင့်ရာသီ အမီသွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေစီး ရေလာကောင်းမွန်ရေး ဆောင် ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးကြသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဝန်ကြီးများသည် မရမ်းကုန်း မြို့နယ် အမှတ် ၁၃ အခြေခံ ပညာမူလတန်းလွန်ကျောင်း၊ လှိုင်မြို့နယ် အမှတ် ၇ အခြေခံ ပညာ အလယ်တန်းကျောင်းနှင့် စမ်းချောင်းမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်း ကျောင်းတို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်း များ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များပူးပေါင်း၍ သစ်ပင် အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်း လင်းခြင်း၊ ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ စာသင် ခန်းများနှင့် ကျောင်းပတ်ဝန်း ကျင်အတွင်း ခြင်ဆေးမှုတ်ခြင်း အပါအဝင် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက် နေမှု၊ ရေစီးရေလာကောင်းမွန် ရေး၊ ရေမဝပ်စေရေးအတွက် ရေမြောင်းများရှိ သဲများ၊ နုန်း များ အမှိုက်များ ဆယ်ယူရှင်း လင်းနေမှုများနှင့် ကျောင်းပတ် ဝန်းကျင် သန့်ရှင်းသာယာလှပ ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ကျောင်း အုပ်ကြီးများနှင့် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက် နေမှုများကိုရှင်းလင်းတင်ပြကြ ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များမှာကြား သည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ