နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူ မြေအောက်ရထားများ AI နည်းပညာသုံး စက်ရုပ်ခွေး အသုံးပြုစစ်ဆေးမည်

စင်ကာပူ၊ မေ ၂၆

စင်ကာပူနိုင်ငံ Sengkang ရှိ အရှေ့ မြောက်ပိုင်းရထားလိုင်း(NEL)တွင် AI နည်းပညာသုံး စက်ရုပ်ခွေးအသုံးပြု၍ မြေအောက်ရထားများကိုစစ်ဆေး မည်ဖြစ်ကြောင်း SBS Transit Ltd အများ ပြည်သူသယ်ယူပို့ဆောင် ရေး ကုမ္ပဏီက မေ ၂၅ ရက်တွင် ထုတ်ပြန် သည်။

၎င်းသည် လာမည့် ၂၀၂၄ခုနှစ် ပထမ သုံးလပတ်အတွင်း  စတင်လုပ် ဆောင်မည့် အသွင်ကူးပြောင်းရေးအစ ပျိုးမှုသုံးခုအနက်က တစ်ခုဖြစ် ပြီးဆင့် ကဲ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါစက်ရုပ်ခွေးသည် လစဉ်ရထားဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကဲ့သို့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများကို နည်းပညာသမားများ အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ် သည်။

စက်ရုပ်ခွေးတွင် ကင်မရာနှင့် အာရုံခံကိရိယာများ တပ်ဆင်ထားပြီး MRT ရထားများကို ရှုထောင့်အမျိုးမျိုး က ကြည့်ရှုစစ်ဆေးခြင်း၊ ချို့ယွင်း ချက်များအတွက် မတူညီသောအစိတ် အပိုင်းများကို စစ်ဆေးခြင်းနှင့်ဖြေရှင်း ချက်များ မဆောင်ရွက်မီ မှတ်တမ်းတင် ထားသော အချက်အလက်များကိုခွဲ ခြမ်းစိတ်ဖြာရန် ၎င်း၏ AIနည်းပညာ ကိုအသုံးပြု၍ လုပ်ဆောင်မည်ဖြစ် သည်။                 

(ref: The Guardian)






အခြားဆက်စပ်သတင်းများ