နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စူပါတိုင်ဖွန်း မဝါမုန်တိုင်း ဂူအမ်ကျွန်း ဝင်ရောက်

ဝါရှင်တန်၊မေ ၂၆

ပစိဖိတ်သမုဒ္ဒရာတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတည်ရှိရာဂူအမ် ကျွန်းသို့ အဆင့် ၄ ရှိသည့် အင်အား ပြင်း တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက် ခတ်သွားကြောင်း အာဏာပိုင်များက မေ ၂၅ ရက်တွင် အတည်ပြုသည်။

မဝါ ဟုခေါ်သည့် အဆိုပါအင်အား ပြင်း တိုင်ဖွန်း မုန်တိုင်းသည်တစ်နာရီ လေတိုက်နှုန်း မိုင် ၁၄၀ ထိ ရှိပြီး မုန်တိုင်း ကြောင့် မိုးသည်းထန်စွာ ရွာသွန်းကာ တစ်ညအတွင်း တစ်နာရီလျှင် မိုးရေချိန် နှစ်လက်မထိ ရွာသွန်းကြောင်း အမေရိ ကန်အမျိုးသား မိုးလေဝသ ဌာနက သတင်းထုတ်ပြန်သည်။ 

တိုင်ဖွန်း မဝါသည် အနောက် ပစိဖိတ် ရေပြင်ပေါ်တွင်အနောက်မြောက်ဘက် ကို တစ်နာရီ ၈ မိုင်နှုန်းနှင့်ရွေ့လျား နေခြင်းကြောင့် ဂူအမ်ကျွန်းတွင် ရေကြီး မြေပြိုမှုများနှင့် အန္တရာယ်ရှိ မုန်တိုင်း ဒီရေလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ 

ကနဦး သတင်းများအရ မဝါကြောင့် နေအိမ်အချို့ ပျက်စီးပြီးလူ ၈ ဦး ကို အရေးပေါ်ဘေးလွတ်ရာ ရွှေ့ပးထား ပြီးမုန်တိုင်းကြောင့် ပြည်သူများ ဘေး ကင်းလုံခြုံမှုအတွက် အထူးစိုးရိမ်ပူပန် မိကြောင်း ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး က ပြောသည်။ 

လက်ရှိတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လူဦးရေ နှစ်သိန်းနီးပါး ရှိသည့် စစ်အခြေစိုက်စခန်းများရှိရာ ဂူအမ်ကျွန်းအတွက် ဗဟိုအစိုးရ၏အကူ အညီများ ပေးပို့နိုင်ရန်အတွက် အရေး ပေါ်အခြေအနေ ကြေညာထားကြောင်း သိရသည်။                       

(ref: AFP)






အခြားဆက်စပ်သတင်းများ