နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေထုမှ လျှပ်စစ်ထုတ်ရန် သိပ္ပံပညာရှင်များ ဆောင်ရွက်

မက်ဆာချူးဆက်၊မေ ၂၆

မက်ဆာချူးဆက်ပြည်နယ်၊ Am-herst တက္ကသိုလ်သိပ္ပံပညာ ရှင်များ သည် ပါးလွှာသော ပတ်ဝန်းကျင်လေထုမှ လျှပ်စစ်ဓာတ်အားကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်သည့် Air-gen ဟူသည့် ကိရိယာကို တီထွင်ထားကြောင်းမေလ တတိယပတ်တွင် အစီရင်ခံစာ ထုတ်ပြန် သည်။

လူသားတို့ကို ဝန်းရံထားသည့် လေထု သည် ပင်ပြန်လည်ပြည့် ဖြိုးမြဲစွမ်း အင် အရင်းအမြစ်တစ်ခုဖြစ်နေကြောင်း လေ့လာမှုအသစ် တစ်ခုဖြင့် ဖော်ထုတ် တင်ပြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Air-gen ကိရိယာ ကို ဆံချည်မျှင်ထက် အဆတစ်ထောင် သေးငယ်သည့် ၁၀၀ နာနိုမီတာ အောက် ရှိသော အပေါက်ငယ်လေး များပါရှိသည့် ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းကြောင့် ထိုကိရိယာသည် လေထုထဲရှိရေစက် များမှ လျှပ်စစ်ဓာတ်အားကိုဆွဲထုတ်နိုင် ပြီး ရေရှည်တည်တံ့သော ဓာတ်အား အရင်း အမြစ်ကို ပေးစွမ်းနိုင်ကြောင်း သုတေသီများက ဆိုသည်။

အဆိုပါ နည်းပညာဖြင့်လျှပ်စစ် ဓာတ်ထုတ်လုပ်ခြင်းကို ရုပ်ကြွင်းလောင် စာ အစားထိုးအဖြစ် အသုံးပြုခြင်း သည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက် ရန်အတွက်လည်းများစွာ အထောက် အကူပြုနိုင်မည်ဟု သုတေသီများက မျှော်လင့်ထားသည်။

ref: Bloomberg)






အခြားဆက်စပ်သတင်းများ