နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၈ ရာစု အိန္ဒိယဘုရင်ဓား စံချိန်တင်ဈေးနှုန်းဖြင့် လေလံအောင်

နယူးဒေလီ၊မေ ၂၆

၁၈ ရာစု အိန္ဒိယဘုရင်တီပူဆူလ် တန်၏ ဓားသည် လန်ဒန်မြို့ လေလံပွဲ တွင် ပေါင် ၁၄ သန်းဖြင့် လေလံအောင် သွားပြီး ခန့်မှန်းဈေးနှုန်းထက် ၇ ဆ ပိုများကာ လေလံပွဲတွင် အမြင့်ဆုံးဈေး ရရှိသွားကြောင်း သိရသည်။

ဘုရင်တီပူသည် ၁၇၈၂ ခုနှစ်မှ ၁၇၉၉ ခုနှစ်ကြားကာလအတွင်း အိန္ဒိယ နိုင်ငံတောင်ပိုင်း မိုင်ဆိုးရ်ပြည်နယ်ကို အုပ်ချုပ်ခဲ့ပြီး ယင်း၏အာဏာစက်ကို လုံးဝထိပါးမခံခြင်းကြောင့် မိုင်ဆိုးရ် ကျားဟု အမည်တွင်ခဲ့သူ ဖြစ်သည်။

ယင်းသည် စစ်ပွဲများတွင်အမြောက် ဆန်အသုံးပြုမှုကို စတင်ဖော်ဆောင် ခဲ့သူ ဖြစ်ပြီး မိုင်ဆိုးရ်ပြည်နယ်ကိုအိန္ဒိယ ၏ အဓိကအကျဆုံး စီးပွားရေးအင်အား အဖြစ် အသွင်ပြောင်းခဲ့သူလည်း ဖြစ် သည်။

၁၇၉၉ ခုနှစ်၊ မေလတွင် ဗြိတိသျှ စစ်သားများသည် ဘုရင်တီပူ၏ နန်း တော် အတွင်း ဝင်ရောက်စီးနင်းပြီးယင်း ကို အဆုံးစီရင် လိုက်ကာ နန်းဆောင်ထဲ ရှိဓားကိုယူ၍ ဗြိတိသျှတပ်မှူး ဒေးဗစ် ဘာ့ဒ် ထံပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

ဓားလက်ကိုင်တွင် ရွှေရောင်စာလုံး များဖော်ထားပြီးဓားပေါ်တွင် ပါရှန် ဘာသာစကားနှင့် ဓားပိုင်ရှင်၏အမည် ကို ရေးသားထားကြောင်း၊၁၆ရာစုက အိန္ဒိယတွင် စတင်ခဲ့သည့်ဂျာမန်ဓား သွားပုံစံအတိုင်း မဂိုရ်ပန်းပဲဆရာများက ဓားကို ဖန်တီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။               

(ref: Daily Mail)






အခြားဆက်စပ်သတင်းများ