နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများရှင်းလင်းဆွေးနွေး

ရန်ကုန်  မေ ၂၆

ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက် မည့် လုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းဆွေးနွေး ပွဲကိုမေ ၂၄ ရက် နံနက်ပိုင်း က အလုံမြို့နယ်ရှိ အဆိုပါ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက အဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယအထွေ ထွေ မန်နေဂျာ ဦးစိုးမိုးက ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ် သက်၍  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင် ကျော်ဦးက၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က မြို့တော်ကြီးသန့်ရှင်းသာ ယာလှပရေးနှင့်လမ်းပန်းဆက်သွယ်မှုအဆင်ပြေစွာသွားလာ နိုင်ရေးလမ်းများချဲ့၍လမ်းခင်း ခြင်းလုပ်ငန်းများဆောင်ရွက် ရာတွင် မလွတ်ကင်းသည့် ဓာတ်တိုင်များ ပြန်လည်ရွှေ့ ပြောင်းစိုက်ထူခြင်းလုပ်ငန်း၊ မြို့နယ် ၁၃ မြို့ နယ်တွင် AMI မီတာတပ်ဆင်မည့်လုပ်ငန်း၊ လမ်းလယ်ကျွန်းများတွင်လျှပ် စစ်ဓာတ်မီးတိုင်များစိုက်ထူခြင်း နှင့်ဓာတ်အားလိုင်းတိုးချဲ့တည် ဆောက်ခြင်းလုပ်ငန်း၊ကျေးရွာမီးလင်းရေးနှင့် ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ အပါအဝင်    ဘဏ္ဍာနှစ်အတွင်း စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး၊သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းကလုပ်ငန်း များဆောင်ရွက်ရာတွင် 

ဘတ်ဂျက်ဖြင့်ခွဲဝေထားသည့် လုပ်ငန်းများအတိုင်းဆောင် ရွက်ရန်၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်    အဆက်ဆက်က ဝယ်ယူထားသည့် ပစ္စည်းစာရင်း များသေချာ ဆောင်ရွက်ထား ရန်၊ လယ်မြေများတွင် လုပ်ငန်း များဆောင်ရွက်မည်ဆိုပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲ ရေးကော်မတီ၏ ခွင့်ပြုချက်ရရှိ မှသာဆောင်ရွက်ရန်၊ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက လမ်းဧရိယာနှင့် မလွတ်ကင်းသည့်ဓာတ်တိုင် များကို  မြို့နယ်အလိုက်ဓာတ်ပုံ နှင့်တကွ စာရင်းကောက်ယူ၍ ပြောင်းရွှေ့ရမည့် ကုန်ကျစရိတ် များတွက်ချက်တင်ပြရန်၊ ဓာတ်အားလိုင်းများ၊ဓာတ်တိုင် စိုက်ထူသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လမ်းဧရိယာ နှင့်လျှပ်စစ်ဓာတ်အားလိုင်းများ ကို သတမှတ်သော အကွာ အဝေးတွင်သာ စိုက်ထူကြရန် နှင့်လုပ်ငန်းများ ဆောင်ရွက်ရာ တွင်လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းရေး ဦးစားပေးဆောင်ရွက် သွားကြရန်ပြောကြားသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ