နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ ၁/၂၀၂၃-၂၀၂၄ အစည်းအဝေး ကျင်းပ

ရန်ကုန်  မေ ၂၆

ရန်ကုန်မြို့တော်ဘဏ် လီမိတက် ဒါရိုက်တာအဖွဲ့၏ ၁/၂၀၂၃-၂၀၂၄ အစည်းအဝေး ကို ယနေ့နံနက်  ၁၁ နာရီခွဲက ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊မြို့တော် ခန်းမ ပထမထပ်ရှိ အစည်း အဝေးခန်းမ ၁ ၌ ကျင်းပရာ ရန်ကုန်မြို့တော်ဘဏ်လီမိတက် နာယက၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ မြို့တော်ဘဏ် လီမိတက်ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ မြို့တော်ဘဏ် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအတွင်းရေး မှူး ဦးညွန့်ဖေ၊ ဒါရိုက်တာ များ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာများ၊            ဥပဒေအကြံပေးနှင့် မြို့တော် ဘဏ် တာဝန်ရှိသူများ တက် ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်မြို့ တော်ဘဏ်လီမိတက် အမှု ဆောင်အရာရှိချုပ် ဦးကျော်သန်း က “၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ဧပြီအတွက် ဘဏ် လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာငွေကြေးအခြေအနေကို လည်းကောင်း၊မြို့တော်ဘဏ် လီမိတက် စာရင်းစစ်ကော်မတီ ဥက္ကဋ္ဌ ဘဏ်ဒါရိုက်တာဒေါ်နီနီ အေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် နှစ်ချုပ်စာရင်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို လည်းကောင်း၊ အထွေထွေ မန်နေဂျာ ဦးထွန်းလှက ချေးငွေ ဆိုင်ရာကိစ္စရပ်များနှင့်အထွေထွေ    ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ မြို့တော်ဝန် က လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဘဏ်ဒါရိုက်တာအဖွဲ့သို့ တင်ပြသည့် အမှာစာ ကိုးချက် အပေါ် ဆုံးဖြတ်ခြင်း၊ အတည် ပြုခြင်း၊ မှတ်တမ်းတင်ခြင်း များ ဆောင်ရွက်ကြသည်။                       

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ