နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန်  မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊   ကော်မတီဝင်များ၊ ဌာနမှူးများ နှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်း တို့ လိုက်ပါ၍ ယနေ့နံနက် ၈ နာရီက ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းရပ်ကွက်၊ အောက် ကြည့်မြင်တိုင်လမ်းရှိ ရန်ကုန် တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန ပညာရေးမှူးရုံးအတွင်း ပန်းဥယျာဉ်နှင့်အားကစားကွင်း များဌာနနှင့် မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်း ရေးဌာနတို့မှ ဝန်ထမ်းများ ပူးပေါင်းအင်အား  ၁၀၀ ဦးဖြင့် ရုံးဝင်းအတွင်းရှိ အရိပ်ရအပင် များ၏ အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊ လေပြင်းကျရောက်ချိန်က ကျိုးကျခဲ့သည့် သစ်ကိုင်းသစ် ခက်များ သိမ်းဆည်းရှင်းလင်း ခြင်း၊ မြက်ပင်ချုံနွယ်များခုတ် ထွင် ရှင်းလင်းခြင်းနှင့် အမှိုက် များ သိမ်းဆည်းခြင်းလုပ်ငန်း များဆောင်ရွက်နေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦခေါင်မိုးများရှိ သစ်ရွက်ကြွေများ လှည်းကျင်း ရှင်းလင်းရန်နှင့်သစ်ငုတ်များ တူးဖော် ရှင်းလင်းရန် မှာကြား ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်း-မိုးဝေ/

ဓာတ်ပုံ-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ