နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ မိုခါ မုန်တိုင်းဘေးသင့် ပြည်သူများထံ အာဆီယံနိုင်ငံများက ပေးပို့သည့် အကူအညီပစ္စည်းများတတိယအကြိမ် လွှဲပြောင်းလက်ခံ

ရန်ကုန် မေ ၂၆

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာ ပြည်သူများထံသို့ အာဆီယံ  နိုင်ငံများကပေးပို့သည့် စုစုပေါင်း အမေရိကန်ဒေါ်လာ ခန့်မှန်း ၅၃,၀၀၀ကျော်တန်ဖိုးရှိ၊ အရေး ပေါ် အကူအညီပစ္စည်းများ  တန်ချိန် စုစုပေါင်း ၁၆ တန်ခွဲကို သယ်ဆောင်လာသည့် World Cargo Airlines လေယာဉ်သည် ၊ ယနေ့ နံနက်  ၁၁ နာရီ ၄၀ မိနစ် က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။ 

ယခု တတိယအကြိမ်အဖြစ် ရောက်ရှိလာသည့် အကူအညီ ပစ္စည်းများကို၊ သဘာဝဘေး ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအတွက်၊ အာဆီယံ ညှိနှိုင်းရေးဌာန (AHACenter) တာဝန်ရှိသူများက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာနမှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီးမုန်တိုင်း ဒဏ်သင့်ဒေသများရှိ ပြည်သူ များထံသို့ ဆက်လက်ပေးပို့နိုင် ရေး လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။

လာမည့် ရက်များတွင်လည်း အာဆီယံနိုင်ငံများ၏ သဘာဝဘေး ကူညီရေးပစ္စည်းများ      ဆက်လက် ရောက်ရှိလာရန်ရှိပြီး ပထမ အသုတ်၊ ဒုတိယအသုတ် ယခု တတိယအသုတ် အပါအဝင် အကူအညီ စုစုပေါင်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ဒသမ၆၅ သန်းခန့်ရှိမည်ဟု သိရှိရသည်။ အဆိုပါ ပစ္စည်းများကို အာဆီယံ အရေးပေါ်ထောက်ပံ့မှု အစီအစဉ် (Disaster Emergency Logistics System)ဖြင့် မလေးရှားနိုင်ငံ ဆူဘန်းမြို့နှင့်ထိုင်းနိုင်ငံ ချိုင်နတ် မြို့တို့ရှိ ဂိုဒေါင်များမှ တစ်ဆင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား တပ်မတော်လေယာဉ်များဖြင့်  စုစုပေါင်း ၁၉ ခေါက်ခန့် ကူညီ သယ်ယူပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ One ASEAN, One Response မူအရ အာဆီ ယံ နိုင်ငံများကမုန်တိုင်း ဒဏ်သင့် ပြည်သူများထံ ပေးအပ်လှူဒါန်း ထောက်ပံ့ခြင်းဖြစ်ပြီး၊နိုင်ငံတော် အစိုးရအနေဖြင့် ကယ်ဆယ်ရေး နှင့်အကူအညီများပံ့ပိုးရာတွင် ဘေးသင့် ပြည်သူတစ်ဦး တစ် ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန ကြီးကြပ်မှုနှင့်တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ များ၊ ဝန်ကြီးဌာနအသီးသီး တို့က အချိန်နှင့် တစ်ပြေးညီ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက် ရှိပြီး၊ AHA Centre၊ သက် ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်လည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။   ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ