နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၆ ကြိမ်မြောက် နိုင်ငံတကာ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့်စိုက်ပျိုးရေးပြပွဲကျင်းပ

ရန်ကုန် မေ ၂၆

၆ ကြိမ်မြောက်နိုင်ငံတကာ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် စိုက်ပျိုးရေးပြပွဲကိုမရမ်းကုန်း မြို့နယ်၊  အင်းယားကန် ဟိုတယ် ဝင်းအတွင်းရှိ Yangon Conven- tion Center တွင် ယနေ့နံနက် ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က နိုင်ငံတကာမှ မိမိတို့နိုင်ငံသို့ လာရောက် ပြသပြီး ဈေးကွက် အသစ် ရှာဖွေလာကြသည်ကို ကြိုဆိုပါကြောင်း၊ ပြည်တွင်း စိုက်ပျိုးမွေးမြူသူများအနေဖြင့် နည်းပညာအသစ်များကို လေ့လာ သိရှိနိုင်ပြီး စိုက်ပျိုးမွေးမြူရေး ကဏ္ဍများတွင် အထောက်အကူ ဖြစ်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံ တွင် စီးပွားရေး အခွင့်အလမ်း များရရှိပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ဆောင်ရွက်ရန် ဖိတ်ခေါ်  ပါကြောင်းနှင့်ကုန်စည်ပြပွဲများ ကျင်းပခြင်းဖြင့်ခရီးသွားလုပ်ငန်း    များတိုးတက်စေကြောင်း၊ စိုက် ပျိုးမွေးမြူထုတ်လုပ်သူများ အနေ ဖြင့် နည်းပညာအသစ်၊ စက် ပစ္စည်းအသစ်များနှင့် မိမိတို့ ၏ ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ ကြောင်း ပြောကြားသည်။

 ထို့နောက်  မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်လှိုင် က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး မြန်မာနိုင်ငံ ဟင်း သီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ထုတ်လုပ်တင်ပို့သူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် က ပြပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့် အောင်နှင့် တာဝန်ရှိသူများက ပြပွဲအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး ဆိုင်ခန်းများကို လှည့်လည် ကြည့်ရှု အားပေးကြ သည်။

                         

 အဆိုပါ  ၆ ကြိမ်မြောက် နိုင်ငံတကာ မွေးမြူရေး၊ ငါး လုပ်ငန်းနှင့် စိုက်ပျိုးရေးပြပွဲကို မြန်မာ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့က စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစာ၊ ဆေးဝါး၊ စက်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းမျိုးစုံတို့ကို ပြခန်းပေါင်း ၁၃ဝ ကျော်ဖြင့် မေ ၂၆ ရက်နေ့ မှ ၂၈ ရက်နေ့အထိ ပြသမည် ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ