နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းသမ္မတ နှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ၊ သဘောတူညီမှုအချို့ ရရှိ

ဗာတီကန်စီးတီး မေ ၁၅

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်စကီးသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အီတလီနိုင်ငံရှိ ဗာတီကန် နန်းတော်တွင် သွားရောက်တွေ့ဆုံပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များနှင့် စစ်ဒဏ်ခံစားနေရသည့် ယူကရိန်း ပြည်သူများ၏ အခြေအနေ ကို ဆွေးနွေးမှု ပြုလုပ်ရာ သဘောတူ ညီမှုအချို့ ရရှိကြောင်း မေ ၁၄ ရက်တွင် ဗာတီကန်နန်းတော်က ထုတ်ပြန်သည်။

ယူကရိန်းပြည်သူများအတွက် လူသားချင်းစာနာမှု အထောက်အကူ များပေးရန် ပုပ်ရဟန်းမင်းကြီးနှင့် ယူကရိန်းသမ္မတတို့ သဘောတူညီမှု ရရှိထားပြီး ပဋိပက္ခအတွင်း အပြစ်မဲ့ ဒုက္ခခံစားရသူများ၊ ထိခိုက်လွယ် သူများအတွက် အရေးပေါ် အကူအညီ များ အလျင်အမြန် ပေးအပ်နိုင်ရန် ပုပ်ရဟန်းမင်းကြီးက အလေးထား ဆွေးနွေးကြောင်း သိရသည်။ 

ပုပ်ရဟန်းမင်းနှင့် တွေ့ဆုံရခြင်း သည် အလွန်လေးစား ဂုဏ်ယူစရာ ကောင်း ကြောင်း သမ္မတ ဇာလန်စကီးက ပြောကြားပြီး ပုပ်ရဟန်းမင်းကြီးက လည်း ယခုကဲ့သို့ လာရောက်တွေ့ဆုံ ခြင်းကို ကျေးဇူးတင်ကြောင်း ယူကရိန်း သမ္မတကို ပြန်လည်ပြောဆိုသည်။

ယူကရိန်းသမ္မတသည် ဂျာမနီက ယူကရိန်းကို ကန်ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိသည့် စစ်ရေးအကူ အညီများ ပေးမည့်ကိစ္စနှင့် စပ်လျဉ်း၍ အီတလီမှ ဂျာမနီသို့ ဆက်လက် သွားရောက် မည်ဖြစ်သည်။                 

(ref: Reuters)






အခြားဆက်စပ်သတင်းများ