နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရနေ

ဘန်ကောက် မေ ၁၅

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ မဲရလဒ် ၉၇ ရာခိုင်နှုန်းကို ရေတွက် ပြီးချိန်တွင် လူငယ်များ ဦးဆောင်သည့် Move Forward ပါတီက လွှတ်တော် အမတ်နေရာ ၁၁၃ နေရာ အနိုင်ရပြီး ထိပ်ဆုံးက ဦးဆောင်နေကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီး ဖဲထောင်းထန်း (ခ) အုန်အင် ခေါင်းဆောင်သည့် ဖွေ့ထိုင်း ပါတီက  ၁၁၂ နေရာနှင့် ဒုတိယနေရာတွင် ရှိနေပြီး လက်ရှိအာဏာရ စစ်တပ်ပါတီ ဖရန်းပချားရတ်ပါတီက ၃၉ နေရာတွင် ရှိနေကြောင်း သိရသည်။

ယခုရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်အတွင်း နေထိုင် သည့် မဲဆန္ဒရှင်ပြည်သူ ၇၄ ရာခိုင် နှုန်းကျော်က စံချိန်တင်လာ ရောက် မဲပေးခဲ့ကြောင်း ရွေးကောက်ပွဲကော် မရှင်က ထုတ်ပြန်သည်။

အစိုးရအဖွဲ့သစ် ဖွဲ့နိုင်ခြေရှိသည့် Move Forward ပါတီအနေဖြင့် မေ ၁၅ ရက်တွင် ရွေးကောက်ပွဲအနိုင် ရကြောင်း ကြေညာမည်ဖြစ်ပြီး မြို့လယ် ရှိ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်ဆီသို့ အောင်ပွဲခံချီတက် မည် ဖြစ်ကြောင်း  ပါတီခေါင်းဆောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

လက်ရှိအချိန်ထိ တရားဝင် မဲရလဒ်များကိုမူ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။


(ref: Bangkok Post)






အခြားဆက်စပ်သတင်းများ